Thursday, October 8, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုဟောပြောပွဲနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း အခမ်းအနာပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်


၂၁၀၅ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုဟောပြောပွဲနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း အခမ်းအနာပြုလုပ်ကျင်းပခဲ့ပါသည်။




အခမ်းအနားကို နံနက် ၈း၀၀ အချိန်တွင် စတင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးတင်သိန်းနိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း (၁၃) ဦးတက်ရောက်မိတ်ဆက်ခဲ့ပြီး မိဘပြည်သူပေါင်း (၇၇၂၀) ဦးကျော်ခန့် တက်ရောက်ခဲ့ပါသည်။



အခမ်းအနားတွင် ပြုပြင်ပြောင်းလဲရေးဆက်လက်ပြောင်းလဲမည့် တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အမျိုးသမီးများနှင့် လူငယ်များအပါအ၀င် တိုင်ရင်းသားပြည်သူတို့၏ လူမူစီးပွားတိုးတက်အောင် ဆက်လက်ကြိုးပမ်းမည့်အကြောင်း စသည့်အကြောင်းအရားများကို ဟောပြောခဲ့ပါသည်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ ရှမ်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်ပါင်း (၁၅၀) ဦးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နံနက် ၁၀း၀၀ အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
 
PNO-သတင်းဌာန



Powered by Blogger.