Tuesday, October 6, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တောင်ကြီးဆေးတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပ

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်


ရှမ်းပြည်နယ်နှင့် ကကားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများအတွက် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တောင်ကြီးမြို့တွင် တည်ဆောက်ပြီးစီးပြီဖြစ်သာ တောင်ကြီးဆေးတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၃) ရက်၊ စနေနေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။



အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစ၀်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အတွင်း၌ ခရိုင်/ပြည်နယ်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာလူကြီးမင်းများ၊  တိုင်းရင်းသားမိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျောင်းသား/သူများက စည်စည်ကားကားတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ကိုယ်စားပြု ထူးချွန်ကျောင်းသားများက ဆေးတက္ကသိုလ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆေးတက္ကသိုလ်ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ကာ ဆေးတက္ကသိုလ်အတွင်းရှိ စာသင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရခြင်းရည်ရွယ်ချက်၊ တည်ဆောက်ရေးလုပ်ငန်းများ၏ ခန့်မှန်းတန်ဖိုး၊ တက္ကသိုလ်ဖွဲ့စည်းပုံ၊ စာသင်ဆောင်နှင့် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု၊ ကျောင်းသားများ လက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တောင်ကြီးဆေးတက္ကသိုလ်နှင့် ပတ်သက်၍ တိုက်တွန်းအမှာစကားပြောကြားပြီး နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ဆရာ/များ၊ ကျောင်းသား/သူများနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အဆိုပါ တောင်ကြီးဆေးတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက်ဆေးတက္ကသိုလ်ဖြစ်ကြောင်း၊ တောင်ကြီးဆေးတက္ကသိုလ်ကို နိုင်ငံ့ဘဏ္ဍာငွေ ၁၄ ဘီလံယံ အသုံးပြု၍ ၂၀၁၃-၂၀၁၄ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်အကျယ်အ၀န်းမှာ မြေဧရိယာ ၄၆ ဧက ရှိကြောင်း သိရှိရပါသည်။
 
ခွန်ထင်းလေအောင်း

  

  
  
  
  
Powered by Blogger.