Tuesday, October 6, 2015

LIFT အဖွဲ့၏ ရံပုံငွေအဖြစ် Tag International Development အဖွဲ့မှ ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် ပူးပေါင်းဆောင်ရွက်သည့် အခြေခံပျားမွေးမြူရေးသင်တန်းနှင့် ပက်သက်၍ အစည်းအဝေးပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်


LIFT အဖွဲ့၏ ရံပုံငွေအဖြစ် Tag International Development အဖွဲ့မှ ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် ပူးပေါင်းဆောင်ရွက်သည့် အခြေခံပျားမွေးမြူရေးသင်တန်း၏ နောက်ဆက်တွဲ အစီအစဉ်အဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် နေ့လည်ခင်း ၁း၃၀ အချိန်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး ပါရမီဖွံ့ဖြိုးရေးကွန်ယက်/လူမူရေးဌာနကို Tag အဖွဲ့ခေါင်းဆောင် ဆရာဦးမြင့်သန်းဦးဆောင်ပြီး အဖွဲ့ဝင် (၇) ဦးနှင့်အတူ ပျားမွေးမြူရေးစီမံကိန်းနှင့် ပက်သက်၍ အစည်းအဝေးပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု အလံရွာမှ ပျားမွေးမြူသော ရွာသားအဖွဲ့ (၂) ဦး၊ တောင်ကြီးမြို့နယ်၊ ကောင်နိန်းကျေးရွာအုပ်စု နောင်ပယ်ရွာမှ ပျားမွေးမြူသော ရွာသား (၂) ဦး၊ တောင်ကြီးမြို့နယ် ပင်တွန်ကျေးရွာအုပ်စု ထီပုံးရွာမှ ပျားမွေးမြူသော ရွာသား (၂) ဦး တို့မှ ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


ပျားမွေးမြူရေး စီမံကိန်းမှ ထုတ်လုပ်သည့် ထုတ်လုပ်သည့် ပျားရည်အမှတ်တံဆိပ်

အစည်းအဝေးပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ (၁) ပအိုဝ်းဒေသတွင် မွေးမြူသောပျားများမှ ထုတ်လုပ်ရရှိသော ပျားရည်များကို ဈေးကွက်အတွင်း ရောက်ရှိနေပြီဆိုသည့်အကြောင်းသိရှိရန်၊ (၂) ပျားမွေးမြူသော ရွာ (၄) ရွာအနက် နောက်ထပ် (၂) ရွာဖြစ်သော ထီပုံးရွာနှင့် ဆောင်ဖိုးရွာများကို ပျားအုံ (၂၀) ထပ်ပေးရန်ရှိကြောင်း၊ (၃) ပျားမွေးမြူခြင်းမှ ပျားထွက်ပစ္စည်းများကို ပျားနှင့်ဆက်စပ်သောလုပ်ငန်း၊ ပျားရည်နှင့် ပြုလုပ်သောမုန့်လုပ်ငန်း၊ ပျားဖယောင်းများ တန်ဖိုးမြှင့်တင်ရန် သင်တန်းများလာပေးရန်ရှိကြောင်းနှင့် ပျားနှင့်ပက်သက်၍ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန်စီစဉ်ထားခြင်းရှိကြောင်း၊ (၅) စိုက်ပျိုးရေးတောင်သူများအတွက် ပျားမွေးမြူခြင်းမှ ပျားဖြင့်ဝတ်မူန်ကူးခြင်းကြောင့် သီးနှံများအထွက်တိုးကြောင်း သုတေသနပြုလုပ်ခြင်းဖြင့် တွေ့ရှိရကြောင်း စသည့်အချက်များကို ဆွေးနွေးသွားခဲ့ကြောင်း သိရှိရပါသည်။

နန်းမြနန်းခင်(ခ) နန်းခယ်

Powered by Blogger.