Tuesday, November 3, 2015

ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်အောင်ကျော်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်မောင်ဖြူ တို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုဥက္ကဌ၊ အတွင်းရေးမှူးများ၊ ကျေးရွာဥက္ကဌများ ၂၀၁၅ မဲအောင်နိုင်ရေးအတွက် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်




၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်အောင်ကျော်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်မောင်ဖြူ တို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုဥက္ကဌ၊ အတွင်းရေးမှူးများ၊ ကျေးရွာဥက္ကဌများ ၂၀၁၅ မဲအောင်နိုင်ရေးအတွက် တွေ့ဆုံပွဲအခမ်းအနားကို လွယ်အွန်းကျေးရွာအုပ်စု ဖါလွိုင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။



အခမ်းအနားတွင် ရှေးဦးစွာ ပြည်နယ်ကိုယ်စားလှယ်လောင်း ဦးခွန်မောင်ဖြူမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မဲအောင်နိုင်ရေးအတွက် တက်အားရှိသမျှအဖက်ဖက်မှ ၀ိုင်းဝန်းကူညီကြသည်ကို   ကျေးဇူးတင်ကြောင်း၊ နောင်လည်းလက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် ယခင်ကပင် ဒေသအကျိုးကို ရှေးရှုပြီး လုပ်ဆောင်လာခဲ့ပြီးဖြစ်၍ ပြည်သူလူထု၏ ယုံကြည်မူကို ရရှိအောင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ရှေးဆက်၍လည် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ မဲအနိုင်ရရှိရန်လိုအပ်ကြောင်း၊ ဥက္ကဌများအနေဖြင့်လည် မဲပေးချိန်တွင် ရာနူန်းပြည့် မဲပေးကြရန် နိုးဆော်ရန်လိုအပ်ကြောင်း၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် မိမိတို့ အလံများ၊ ပိုစတာများ ဖြုတ်သိမ်းရန်အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်အောင်ကျော်မှ ကြိုတင်မဲကိစ္စရပ်များ၊ မဲစာရင်းကိစ္စများ၊ မဲရုံတွင် မိမိတို့ လူငယ်ကွန်ယက် (PYN) မှ ကူညီမူများ၊ နိုင်ငံခြားရောက်ရှိသူများ အတွက် မဲများအကြောင်း ရှင်းလင်းပြောကြားပြီး ၊ လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရရှိမှသာလျှင် ဖွံ့ဖြိုးရေးလုပ်ငန်း ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ရွာသူကြီးများအနေဖြင့် မိဘပြည်သူများအာလုံး မဲပေးနိုင်ရန် နိုးဆော်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်စုဥက္ကဌများ၊ ကျေးရွာဥက္ကဌများမှ မဲဆွယ်ကာလအတွင်း ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ အားသာချက်/အာနည်းချက်များ၊ သိရှိလိုသည်များကို မေးမြန်တင်ပြခဲ့ကြပြီး ကိုယ်စားလှယ်လောင်း (၂) ဦးမှ မေးမြန်းသည်များကို ပြန်လည်ဖြေကြာခဲ့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊အခမ်းအနားသို့ တက်ရောက်လာသူမှာ (၂၁၀) ဦးရှိကြောင်း သိရှိရပါသည်။
 
ခွန်ရှိုင်းကို

Powered by Blogger.