Thursday, December 17, 2015

(၁၆) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်


တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာတွင် (၂၀၁၅-၂၀၁၆) ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲကို ၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလ (၁၆) ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ (၁၆) ကြိမ်မြောက်ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ (၁၆) ကြိမ်မြောက်အခမ်းအနားသို့ ဘောလုံးပွဲဖြစ်မြှောက်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံဒိုင်လူကြီးအဖွဲ့ချုပ်များ၊ ပန်တခွားဘင်ခရာ ကျောင်းသူ/သားများ၊ အကြီးတန်း/အလွတ်တန်း ဘောလုံးအသင်းများနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။




အခမ်းအနားတွင် ရှေးဦးစွာ ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဘောလုံးအသင်းများမှ အားကစားသမားများ သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခွန်ဝင်းကိုမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိသည် ပြည်သူ့လွှတ်တော် အားကစားမြှင့်တင်ရေးအဖွဲ့ဝင်ဖြစ်ပြီး ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ အတွင်းရေးမှူးဖြစ်ပါကြောင်း၊ ဘောလုံးပွဲကို အစဉ်အလာမပျက် (၁၀) နှစ်ကျော်ကျင်းပလာနိုင်ခြင်းမှာ စေတနာရှင်၊ အလှူရှင်များ၊ ဒေသခံမိဘပြည်သူများနှင့် အားကစားသမားများ စိတ်ဓါတ်ပြင်းပြမူမှာ ငြင်းလို့မရနိုင်သော အချက်တချက်ဖြစ်ကြောင်း၊ ယခုနှစ်ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်းပေါင်း (၇၀) ပါဝင်ယှဉ်ပြိုင်ပြီး အားကစားသမားပေါင်း (၁၃၈၀) ကျော်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံတော်လည် ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်များသည် အားကစားစိတ်ဓါတ်မှ ပေါက်ဖွားလာရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးသည် အစိုးရနှင့်သက်ဆိုင်သည်သာမဟုတ် မိဘပြည်သူများ ပါဝင်မှသာလျှင် အရာရာဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို့ပအိုဝ်းဒေသဖွံ့ဖြိုးရန်အတွက် ပအိုဝ်းတမျိုးသားလုံး စည်းစည်းလုံးလုံး ပူပေါင်းပါဝင်မှသာလျှင် တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။






ထို့နောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဥက္ကဋ္ဌ ဦးခွန်ပီတာထွန်းနိုင်မှ အမှာစကားပြောရားတွင် ဘောလုံးပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားလုံး အားကစားစိတ်ဓါတ်ရှိရှိ စည်းကမ်းရှိရှိ ယှဉ်ပြိုင်ကြရန်၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို လိုက်နာကြရန် ပြောကြားခဲ့ပါပြီး၊ ပြိုင်ပွဲဝင် ဘောလုံးအသင်း (၇၀) မှ ကွင်းအတွင်းပြန်လည်ထွက်ခွာခဲ့ကြပြီး ပန်တခွားဘင်ခရာအဖွဲ့မှ ကျောင်းသူ/သားများ သရုပ်ပြဖော်ဖြေပေးခဲ့ကြပါသည်။



အဖွင့်ပွဲစဉ်အဖြစ် အကြီးတန်း ကျောက်တလုံးကြီးမြို့နယ်နှင့် နောင်တရားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ကျောက်တလုံးကြီးမြို့နယ်အသင်းမှ (၂-၁) အနိုင်ရခဲ့ပြီး၊ ညနေခင်း ၃ နာရီအချိန်တွင် အကြီးတန်းပွဲစဉ်အဖြစ် လေမော်တန်အသင်းနှင့် ဆိုက်ခေါဝ် FC တို့ယှဉ်ပြိုင်ကစားရာတွင် လေမော်တန်အသင်းမှ (၃-၂) ဖြစ် အနိုင်ရရှိခဲ့ပါကြောင်း သိရှိရပါသည်။
 
ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.