Wednesday, December 2, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စုအတွင်း ကတ္တရာလမ်းခင်းပေးလျှက်ရှိ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်



၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှစတင်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ဦးဆောင်၍ လုံဟေးကျေးရွာအုပ်စုအတွင်းရှိ ရွာများကို ကတ္တရာလမ်းခင်းပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါလမ်းသည် နမ်းခုတ်မှ နောင်ဟွို၊ နောင်ဟွိုမှ ထမ်းဘုရား(နောင်တောဝ်)၊ ထမ်းဘုရားမှ(နောင်တောဝ်)မှ ကျောက်စောက်သို့ သွားရာလမ်းဖြစ်ပြီး လမ်း၏အကျယ်ပေ ( ၁၂ ပေ)၊ လမ်းပခုံးတစ်ဖက်စီ (၃ ပေ)၊ စုစုပေါင်း (၁၈ ပေ) အကျယ်၊ မိုင်ပေါင်း (၆) မိုင်အထိ ခင်းပေးလျှက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး သွားလာမူခက်ခဲပြီး၊ ဆိုင်ကယ်နှင့်ကားများ ချိန်းပတ်၍ မောင်းနှင်းရခြင်း၊ စီးပွားရေးအတွက် ပို့ကုန်များကို တင်ပို့ရာမှာ ခက်ခဲခြင်း စသည့်အဆင်မပြေမူများစွာရှိပြီး၊ ယခုအခါ ပို့ကုန်တင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေးသွားလာမူ အဆင်ပြေစေရန် ဒေသဦးစီးအဖွဲ့မှ ကတ္တရာလမ်းခင်းပေးလျှက်ရှိကြောင်း၊ ထိုလမ်းမကြီးသည် ရွာပေါင်း (၆) ရွာတို့အတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေးတို့ဘက်မှာ သွားလာမူအဆင်ပြေစေရန် ရည်ရွယ်၍ ခင်းပေးလျှက်ရှိကြောင်း သိရှိရပါသည်။




၎င်းလမ်းခင်းပေးခြင်းနှင့် ပက်သက်၍ ဒေသခံပြည်သူတဦး၏ ခံစားချက်ကိုမေးမြန်ရာမှာ - လမ်းတည်ဆောက်မူအပေါ် ကတ္တရာကျိုချက်ရာမှာ ထင်းအခက်အခဲရှိသောကြောင့် ဒေသခံပြည်သူများမှ “ထင်း” ကိုသား လိုအပ်သလောက်ကူညီပေးရကြောင်း၊ လမ်းကိုမပြုလုပ်မီ အခက်အခဲများစွာရှိကြောင်း၊ နွေရာသီဆိုလျှင် ဖုံတွေများပေမဲ့ သွားလာမူအဆင်ပြေကြောင်း၊ မိုးရာသီလျှင် သွားလာမူအခက်အခဲများစွာရှိပြီး အချိန်တွေကိုနှောင်းနေးစေသလို ရောက်ချင်တဲ့အချိန်လဲ မရောက်နိုင်ကြောင်း၊ ကုန်စည်တွေနဲ့ပက်သက်ပြီးတော့ အချိန်မှီမပို့ပေးနိုင်သောကြောင့် လိုချင်သောဈေးကွက်မရနိုင်ကြောင်း၊ ကျန်းမာရေနှင့် ပက်သက်၍ လမ်းပန်းဆက်သွယ်မူကြောင့် အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုအခါ ဒေသဦးစီးအဖွဲ့မှ ဦးဆောင်ပြီး ကတ္တရာလမ်းခင်းပေးတဲ့အတွက်ကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ ဆက်သွယ်ရေးတို့မှာ အချန်မှီ အချိန်တိုတို အတွင်း အဆင်ပြေပြေသွားလာဆက်သွယ်နိုင်ပြီးဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ဒေသခံတဦးမှ ရွာသူ/သားမိဘပြည်သူများကိုယ်စား ဂုဏ်ယူဝမ်မြှောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။
 
ခွန်ဒဒါးဒါး
Powered by Blogger.