Monday, February 15, 2016

အေးသာယာ ပြည်သူ့ဥယျာဉ်အိမ်ယာစီမံကိန်း အိမ်ယာအရောင်းပွဲတော် ပြုလုပ်ကျင်းပ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မင်းကျန်စစ်ကုမ္ပဏီမှ တာဝန်ယူဆောက်ရွက်လျက်ရှိသည့် အေးသာယာ ပြည်သူ့အိမ်ယာစီမံကိန်း အိမ်ယာအရောင်းပွဲတော် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ(၁၄)ရက်၊ တနင်္ဂနွေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ စီးပွားရေး ၀ါသနာရှင်များ၊ မီဒီယာအဖွဲ့များ၊ လေ့လာဝယ်ယူလိုသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် ဦးနန္ဒာလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ကြပြီး၊ ဆက်လက်၍ ဦးစိုင်းနော်ခမ်းမှ အဖွင့်အမှာစကားပြောကြားကာ ဦးနန္ဒာလှမြင့်က အိမ်ရာ Project နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။



ဆက်လက်၍ မင်းကျန်စစ်ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးမှ အိမ်ယာ Project နှင့်ပတ်သက်၍ မီဒီယာသတင်းထောက်များ၏ သိလိုသမျှမေးမြန်းမှုများကို ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် အိမ်ယာအရောင်းခန်းမတွင် ကြွရောက်လာသော ဧည့်သည်တော်များက မေးမြန်းစုံစမ်းဝယ်ယူခဲ့ကြပါသည်။ ထို့နောက် နိုင်ငံကျော်တေးသံရှင် ၀ိုင်းစုခိုင်သိန်းနှင့် ရှမ်းပြည်နယ် တေးသံရှင်များက တေးသီချင်းများနှင့် ဖျော်ဖြေတင်ဆက်သွားပါသည်။
အဆိုပါ အေးသာယာဥယျာဉ်အိမ်ရာစီမံကိန်းအတွက် လမ်းများ၊ သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အကုန်ကျခံ စီမံပေးထားပြီး ၀န်ထမ်းအိမ်ရာနှင့်အတူ မြို့တော်ခန်းမ၊ ဓမ္မာရုံ၊ အုပ်ချုပ်ရေးမှူးရုံး၊ မြို့မဈေးကြီး၊ ရေကူးကနှ်နှင့် ပန်းခြံ၊ ကလေးကစားကွင်းများ ပါရှိမည်ဖြစ်ကြောင်း၊ တိုက်အိမ်များမှာ အထပ်(၅)ထပ်ပါရှိပြီး အထပ်(၁)ထပ်လျှင် အနည်းဆုံး သိန်း(၁၄၀)နှင့် အများဆုံး သိန်း(၂၇၅) ပတ်ဝန်းကျင်ရှိကြောင်း သတင်ရရှိပါသည်။

ခွန်ထင်;လေအောင်;



Powered by Blogger.