တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်
ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ
ဥပဒေ ပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့်
ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အောက်ပါပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅)
ဦးဖြင့် ဖွဲ့စည်းလိုက်ပါသည်။ ၎င်းဖွဲ့စည်းသော ကော်မတီတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်မှ တာဝန်ပေးအပ်ခံရကြောင်းကို မိဘပြည်သူများ ၀မ်းမြှောက်ဂုဏ်ယူနိုင်ရန်အတွက် အသိပေးအပ်ပါသည်။
ကိုးကား - ပြည်သူ့လွှတ်တော်
Like On Facebook
Follow On Twitter
Subscribe On RSS