Monday, March 7, 2016

အိုင်ယောင်း(အွိုင်ယ၀်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဖြစ်မြှောက်နိုင်ရန်အတွက် စာသင်ကျောင်းဆောင်မြေနေရာ ကွင်းဆင်းလေ့လာခြင်း


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၇) ရက်





၂၀၁၆ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နမ်းပါချီကျေးရွာအုပ်စု၊ အိုင်ယောင်း(အွိုင်ယ၀်)ကျေးရွာအတွက် အခြေခံပညာမူလတန်းကျောင်း ဖြစ်မြှောက်နိုင်ရန် စာသင်ကျောင်းဆောင်မြေနေရာ၊ ကျေးရွာရှိ အိမ်ခြေပေါင်း၊ လူဦးရေများနှင့် ကျောင်းနေအရွယ်ကလေးငယ်များဦးရေ အခြေအနေများကို သိရှိနိုင်ပါရန် ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော် ဦးခွန်မောင်ဖြူ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တွဲဘက်အတွင်းရေးမှူး(၂) ဦးခွန်ထွန်းရွှေ၊ တွဲဘက်အတွင်းရေးမှူး(၄) ဦးခွန်ကို နှင့်အဖွဲ့တို့မှ သွားရောက်ကြည့်ရှုပြီး ဒေသခံရပ်မိ/ဖများနှင့် တွေ့ဆုံရာတွင် ဒေသခံများမှ ယခုလိုလာရောက်ပေးခြင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ မိမိတို့ကျေးရွာသည် အိမ်ခြေပေါင်း(၄၆)၊ လူဦးရေပေါင်း(၂၇၆)ဦး ရှိပြီး၊ ကျောင်းနေရွယ် ကလေးဦးရေမှာ (၅၆) ဦးရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးမှာလည် လူကြီးမင်းများ လာရာလမ်းအတိုင်း အလွန်ပင်ခက်ခဲကြောင်း၊ ရပ်ရွာတွင် စာသင်ကျောင်းမရှိခြင်းတို့ကြောင့်၊ ကျောင်းနေရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရန် ပျက်ကွက်မှုများစွာ ရှိကြောင်းကို ဆွေးနွေးတင်ပြသွားပါသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူမှ လိုအပ်သော အချက်အလက်များကို မေးမြန်းမှုများပြုလုပ်ပြီး ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်း ပြီးမြှောက်နိုင်အောင် ဆောင်ရွက်ရန်အတွက် ပြောကြားခဲ့ပါသည်။
၎င်းကျေးရွာအတွက် ကျောင်းဆောင်သစ်ပြုလုပ်နိုင်ရန်အတွက် အတွင်းရေးမှူး (၄) ဦးခွန်ကိုးမှ (၅)သိန်း၊ ဟိုပုံမြို့နယ် ဆည်မြောင်းဦးစီးအရာရှိ ဦးခွန်စိန်မင်မှ (၅)သိန်း၊ ဟိုပုံမြို့နယ် ဆည်မြောင်းဦးစီးအရာရှိ ဦးအောင်ရဲထွန်းမှ (၅)သိန်း၊ ရန်ကင်းမြို့နယ်အဖွဲ့(PNO)မှ (၅)သောင်း၊ ဘန်ကွဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ပေါက်စီမှ (၁)သိန်းကျပ်တိတိ မတည်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်နိုင်

Powered by Blogger.