Tuesday, April 5, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၂) ဖြားခွန်ထွန်းရွှေက (DIPD)အဖွဲ့မှ ပြုလုပ်သော ဆွေးနွေးပွဲအကြောင်း ပြန်လည်မျှဝေ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၅) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံးချုပ်တွင် တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် သီးသန့်အချိန်ပေးပြီး ပြုလုပ်ပေးလျက်ရှိသည့် အသိပညာဖလှယ်ရေးဆွေးနွေးမှု၌ ဒီကနေ့ ဧပြီလ(၅)ရက်၊ အင်္ဂါနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၂) ဖြားခွန်ထွန်းရွှေက (DIPD)အဖွဲ့မှ ပြုလုပ်ပေးသော ဆွေးနွေးပွဲ အကြောင်းကို ပြန်လည် မျှဝေပေးခဲ့ပါသည်။
ထိုသို့ မျှဝေရာတွင် (DIPD)အဖွဲ့သည် နိုင်ငံရေးပါတီ၊ ပြည်သူလူထုနှင့် မီဒီယာများအား ဒီဘိတ် ပြုလုပ်ပေးပြီး ရရှိလာသော ရလဒ်များကို သက်ဆိုင်ရာအဆင့်ဆင့်သို့ ဆွေးနွေးတင်ပြပေးသော အဖွဲ့အစည်း ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီများ၊ CSOများ၊ မီဒီယာဌာနများ တက်ရောက်ခဲ့ကြောင်း၊ ထိုဆွေးနွေးပွဲတွင် ပြီးခဲ့သော ၂၀၁၅ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ၏ ရပ်တည်ချက်များ မျှတမှု ရှိမရှိကို ဆွေးနွေးခဲ့ကြောင်း၊ မီဒီယာဟု ဆိုရာတွင် ပုံနှိပ်မီဒီယာ၊ ရေဒီယို၊ ရုပ်သံ၊ အွန်လိုင်း၊ အေဂျင်စီများ ပါဝင်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် မီဒီယာများအနေနှင့် မည်သို့မည်ပုံ လုပ်ဆောင်သွားသင့်ကြောင်းကို ဆွေးနွေးခဲ့ ကြောင်း၊ ဒီအစိုးရသစ်လက်ထက်တွင် လွတ်လပ်သော မီဒီယာ၊ နှောင်ကြိုးမဲ့သော မီဒီယာဖြစ်နိုင်ရန် မီဒီယာဥပဒေကို ပြန်ဆင်သွားရန် ဆွေးနွေးမှုများ ရှိခဲ့ပါကြောင်း၊  ပြည်သူများ နိုင်ငံရေး အသုံးအနှုန်းနှင့် နိုင်ငံရေး ဝေါဟာရများ သိရှိလာစေရန် မီဒီယာများအနေနှင့် လုပ်ဆောင်ပေးသင့်ကြောင်း၊ မီဒီယာများအနေနှင့် နိုင်ငံရေးဝန်ထမ်း၊ နိုင်ငံရေးပါတီ၊ CSOအဖွဲ့အစည်းများ၏ လုပ်ရှားမှုများကို လေ့လာစောင့်ကြည့်ရန် လိုအပ်ကြောင်းကို ပြည်လည်မျှဝေသွားခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;


Powered by Blogger.