Tuesday, May 17, 2016

သဘာဝဘေးအန္တရာယ်များအပေါ် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တာင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၈) ရက်



၂၀၁၆ ခုနှစ်၊ မေလ (၁၇) ရက်၊ အဂါင်္နေ့ ၊ နေ့လည် (၁၂း၃၀) အချိန်တွင် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရှမ်းပြည်နယ် အရပ်ဘက်လှုမှုအဖွဲ့အစည်းများ ကွန်ရက်ရုံးတွင် သဘာဝဘေးအန္တရာယ်များအပေါ် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပကြောင်း သိရှိရပါသည်။
ထိုသို့ကျင်းပရခြင်းရည်ရွယ်ချက်မှာ သဘာဝဘေးအန္တရာယ်များသည် ကမ္ဘာပေါ်ရှိမည်သည့် နေရာဒေသ၌မဆို အချိန်မရွှေး ဖြစ်ပွားလာနိုင်သဖြင့် ဘေးအန္တရာယ်များ၏ သဘောသဘာဝနှင့် ရှောင်ရန်၊ ဆောင်ရန်အချက်များအားသိရှိလာစေရန်၊ သဘာဝဘေးအန္တရာယ်များ ကျရောက်နေသည့်နေရာများသို့ မိမိတို့၏ အဖွဲ့အစည်းများသွားရောက် ကူညီရာတွင် သိထားသင့်သည့်အချက်များအား သိရှိလာကာ ပူးပေါင်းပါဝင် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားများတွင် ရှမ်းတောင် ဥပဒေချုပ် ဥက္ကဌ ဦးတင်ဦးမှ အဖွင့်အမှာစကားပြေားကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာသည်နှင့်အမျှ စည်းလုံးညီညွှတ်ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်မည့် အချက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကိုလည်း လိုက်နာရန်လိုအပ်ခြင်း၊ သဘာဝဘေးအန္တရာယ် ဘယ်လိုကာကွယ်ဆောင်ရွက်ရမလဲ ဆိုသည့်အချက်များဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဦးစီးမှူး ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ သဘာဝဘေးအန္တရာယ်အပေါ် ရင်ဆိုင်တုန့်ပြန်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နည်းလမ်းများအား ပြေားကြားရာမှာ (၂၁) ရာစုအကြီးမားဆုံး စိန်ခေါ်မှု (သို့) သဘာဝဘေးအန္တရာယ်များ၊ သဘာဝဘေးလျော့ပါးရေး (DRR)နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ စသည့်အချက်များဖြင့် အကျယ်တ၀င့်တင်ပြဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲကို   ရှမ်းတောင်ဥပဒေချုပ် ဥက္ကဌ ဦးတင်ဦး၊  ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ကျန်းမာရေးမှူး၊ ဒု - ညွှန်ကြားရေးမှူး၊ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင် မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ ရှမ်းပြည်နယ် အရပ်ဖက်လှုမှုအဖွဲ့အစည်းများကွန်ယက်၊ ဒါနရှေ့ဆောင်မြန်မာ၊ ရှမ်းပြည်နယ် အမျိုးသမီးများအသင်း၊ ဓနု စာပေယဉ်ကျေးမှုအသင်း၊ နမ့်ခုတ် ရှမ်းပရဟိတအသင်း၊ နယ်မြေအုပ်ချုပ်ရေးမှူးများ၊ ရှမ်းတောင် မီဒီယာကွန်ယက်အသင်းများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) စသည့်အဖွဲ့များဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

နန်းရက်ခမ်းထီ

Powered by Blogger.