Friday, June 10, 2016

ဆရာအတတ်ပညာဒီပလိုမာအထူးသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်





၂၀၁၆-ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့တွင် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာအထူးသင်တန်းကျောင်းတွင် ကျောင်းအကျိုးဆောင်အဖွဲ့တို့က ဦးဆောင်ပြီး အစိုးရဌာနဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအား ဖိတ်ကြားပြီး ဆရာ/ဆရာမလောင်းများအတွက် အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဆရာအတတ်ပညာသင်တန်းကျောင်းတွင် ပညာသင်ယူနေကြသော ဆရာ/ဆရာမလောင်း(၁၁၃) ဦးသည် ဆိုင်ရာမိမိတို့ဒေသ တစ်လခွဲလက်တွေ့ကွင်းဆင်း သွားရောက်သင်ကြားကြမည်ဖြစ်သည်။ ထိုသို့ကွင်းဆင်း သင်ကြားရာမှာ အဆင်ပြေချောမွေ့စေရန်အတွက် မနက်ပိုင်း(၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ ဒုရဲမှူး ထွန်းထွန်းအောင်သည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် လုံခြုံရေးဆိုင်ရာ အသိပညာရပ် များကို သော်လည်းကောင်း၊ နေ့ပိုင်း(၁၂း၀၀)နာရီ အချိန်တွင် ရှမ်းပြည်နယ်မူးယစ်တပ်ဖွဲ့စု(၂၅) ဒုရဲမှူး အောင်စိုးကြိုင်သည်လည်း မူးယစ်ဆေးဝါးအကြောင်း သိမှတ်ဖွယ်ရာအသိ ပညာများကိုသော်လည်းကောင်း၊ ညနေခင်း(၃း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း သစ်တောရေးရာဝန်ကြီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးအိုက်စင်းသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာများ ကိုလည်းကောင်း အကျယ်တ၀င့် ဟောပြောရှင်းပြ ပေးခဲ့ကြောင်း သိရှိရပါသည်။
 ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာအထူးသင်တန်းကျောင်းတွင် ပညာသင်ယူနေသော ဆရာ/ဆရာမလောင်းများသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်မှ လူမျိုးပေါင်းစုံ ဆရာ/ ဆရာမလောင်းများ ဖြစ်ကြပြီး၊ လက်ရှိအချိန်တွင် တာဝန်ယူသင်ကြားပေးသော ဆရာမကြီးများ (၁၀)ဦးရှိကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.