Tuesday, June 14, 2016

ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဦးဆောင်ပြီး အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်း၍ (၂-၆-၂၀၁၆)ရက်နေ့တွင် ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်းသီးဗွေကွင်း)တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ၎င်းကော်မတီတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ဦးစီးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ PNO-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအုပ်ချုပ်ရေးအဖွဲ့၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ပအိုဝ်းသွေးလှူရှင်နှင့် လူမှုကူညီရေးအသင်း၊ ပအိုဝ်းတိုင်းရင်းဆေးအဖွဲ့၊ ပအိုဝ်းအမျိုးသမီးအဖွဲ့၊ ကောင်ရွေလူငယ်အဖွဲ့၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့(MANA)၊ ရှမ်းတောင် လူမှုကွန်ယက်(SSSCSO Network)နှင့် အခြားသော ပအိုဝ်းလူမှု အဖွဲ့အစည်းပေါင်းစုံတို့နှင့် ကော်မတီဝင် စုစုပေါင်း(၃၄)ဦးဖြင့် ဖွဲ့စည်းသွားခဲ့ပါသည်။ ပအိုဝ်း ဒေသတ၀ှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို (၁၁-၆-၂၀၁၆)ရက်နေ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များချမှတ်ခဲ့ပြီး ၎င်းဆုံးဖြတ်ချက်များကို ပြည်သူလူထုများ သိရှိနိုင်ရန်အတွက် အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
မှတ်ချက်။ ။ စီမံချက် စတင်သည့်အချိန်မှစ၍ ရောင်းဝယ်ဖောက်ကား လက်ဝယ်ထား ရှိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ သတင်းရရှိပါက အချိန်မရွေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်။

ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များ၊ ၂၀၁၆-ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့

၁။ ၂၀၁၆-ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် မြို့နယ်အဆင့် မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီ အစည်းအဝေး ခေါ်ယူပြီး ကျေးရွာအုပ်စုအဆင့် မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီကို  ဖွဲ့စည်းသွားရန်(အွိုင်း၊ PYN ၊ ကျေးရွာသူကြီး၊ မော်၊ တိုင်းရင်းဆေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး အပါ)။
၂။ ၂၀၁၆-ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် ကျေးရွာအုပ်စုအဆင့် မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီ အစည်းအဝေးခေါ်ယူပြီး ကျေးရွာသူကြီးများမှ သက်ဆိုင်ရာကျေးရွာအဆင့် မူးယစ်ဆေးဝါး ပပျောက်ရေး ကော်မတီကို ပြန်လည်ဖွဲ့စည်းသွားရန်။
၃။ ၂၀၁၆-ခုနှစ်၊ ဇွန်(၂၁)ရက်နေ့တွင် သက်ဆိုင်ရာကျေးရွာဥက္ကဋ္ဌ၊ ကျေးရွာသမာဓိလူကြီးများနှင့် ကျေးရွာ လူငယ်ခေါင်းဆောင်များမှ ကျေးရွာသူ/သားများကို ပထမအကြိမ် ခေါ်ယူအသိပေး ရှင်းလင်းရန်။
၎။ ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် ကျေးရွာကော်မတီမှ မူးယစ်ဆေးဝါး ဆက်လက်ရောင်းဝယ် ဖောက်ကား သုံးစွဲသူများအား ဒုတိယအကြိမ် ခေါ်ယူသတိပေးသွားရန်။
၅။ ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် ကျေးရွာအုပ်စုအဆင့် မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီမှ ကျေးရွာအုပ်စုအတွင်းရှိ မူးယစ်ဆေးဝါး ဆက်လက်ရောင်းဝယ်ဖောက်ကား သုံးစွဲသူများအား နောက်ဆုံး အကြိမ် ခေါ်ယူသတိပေးသွားရန်။
၆။ ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့နောက်ပိုင်းတွင် မူးယစ်ဆေးဝါးကော်မတီအဆင့်ဆင့်မှ မူးယစ်ဆေးဝါး ဆက်လက်ရောင်းဝယ်ဖောက်ကားသူများကို သက်ဆိုင်ရာအစိုးရဌာနနှင့် ဒေသခံအာဏာပိုင် အဖွဲ့အစည်း တို့ ပူးပေါင်းညှိနှိုင်းပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်။ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ဆေးဝါးကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်။
၇။ မြို့နယ်အဆင့် မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီမှ တာဝန်ယူပြီး သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစ်ခုလျှင် (၁)ကြိမ်စီဖြင့် ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ နောက်ဆုံးထား၍  မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သွားရန်။
၈။ သက်ဆိုင်ရာမြို့နယ် မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီမှ မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မည့် နေရာ၊ အချိန်ဇယားများကို ရေးဆွဲပြီး ၂၀၁၆-ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့ နောက်ဆုံး ထား၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးသို့ ပြန်လည်ပေးပို့လာရန်။
၉။ မူးယစ်ဆေးဝါးပပျောက်ရေးဆိုင်ရာ ပညာပေးဟောပွဲပြောတွင် ဟောပြောမည့် အချက်အလက်များကို ဗဟိုမူးယစ်ဆေးဝါးပပျောက်ရေးကော်မတီမှ ပံ့ပိုးသွားရန်။
၁၀။ ဆေးဝါးကုသရေးကော်မတီအား အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-
(၁) ဦးခွန်မြင့်အောင်
(၂) ဦးခွန်သိန်းဖေ
(၃) ဗိုလ်မှူးခွန်အောင်သန်း
(၄) ဆရာဦးခွန်ကျော်ဆန်း
(၅) ဆရာဦးခွန်ပညာ
(၆) စောခွန်ကျော်ဝင်း
(၇) ဒေါ်မိုမိုသီတာ(SSS CSO Network)
(၈) ဒေါက်တာဒေါ်အေးကြည်စိန်(MANA)
(၉) ဦးခွန်မျိုးညွှန့်
(၁၀) ဦးခွန်ဆန်းရွှေ

PNO Media

Powered by Blogger.