တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်
၂၀၁၆ခုနှစ်၊ ဇွန်လ (၁၃) ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ပြန်ကြားရေးဌာနမှ ဦးဆောင်၍ အခြေခံသတင်းရေးသားနည်း သင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသင်တန်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ ပင်လောင်းမြို့နယ်အတွင်းရှိ မျိုးဆက်သစ်လူငယ်များ အခြေခံသတင်းရေးသားနည်းအကြောင်းအရာများကို သိရှိနားလည်နိုင်ရန်နှင့် သတင်းများရေးသားပုံ ရေးသားနည်းသိရှိနိုင်ရန်၊ မြို့နယ်သတင်းထောက်များ ပေါ်ပေါက်လာနိုင်ရန်၊ မြို့နယ်/ကျေးရွာဒေသရှိ ဖြစ်ပျက်နေသော အကြောင်းအရာများကို အချိန်မှီသတင်းများရေးသားနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
ထိုသင်တန်းတွင် မီဒီယာနှင့်ပတ်သက်သည့် အခန်းကဏ္ဍများ၊ Social Media အကြောင်းအရာများကို ဇွန်လ(၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ထိုသင်တန်းသို့ သင်တန်းသူ/သားများ (၁၀၀)ဦးခန့် တက်ရောက်လေ့လာနေကြောင်း သိရှိရပါသည်။
နန်းဆားတဲုင်
Like On Facebook
Follow On Twitter
Subscribe On RSS