Thursday, June 9, 2016

ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး(၃၈)ရက်မြောက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းမှ လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားချက်အပြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ ခွင့်တောင်းယူပြီး စိုက်ပျိုးရေး၊ ဆည်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ထပ်မံရှင်းလင်းတင်ပြ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်


၂၀၁၆ ခုနှစ်၊ ဇွန်လ(၈)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ကျင်းပသော ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး(၃၈)ရက်မြောက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်း မှ လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားချက်အပြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ ခွင့်တောင်းယူပြီး စိုက်ပျိုးရေး၊ ဆည်နှင ပတ်သက်သည့် အကြောင်းအရာများအား ထပ်မံရှင်းလင်းတင်ပြခဲ့ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနရုံးရို လွှတ်တော်ရေးရာဌာနမှ သိရှိရပါသည်။
ထိုသို့ စိုက်ပျိုးရေး၊ ဆည်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ထပ်မံရှင်းလင်းတင်ပြရာတွင် “နိုင်ငံတော်မှာ အစဉ်အလာရှိခဲ့ပါတယ်။ အစဉ်အလာက မိုးတွင်းမှာ ဆည်ရေတွေကို စပါးစိုက် လယ်သမားတွေအတွက် လိုအပ်ရင် လိုအပ်တဲ့နေရာမှာ သုံးလို့မရတဲ့ အနေအထားတွေရှိပါတယ်။ ဒီအနေအထားတွေဟာ နိုင်ငံတော်ရဲ့ ဆန်စပါးထုတ်လုပ်ရေးမှာ အတားအဆီးတခုဖြစ်ပါတယ်။ တကယ်တော့ မိုးတွင်းမှာလည်း မိုးတွင်းအလျောက် မိုးရေမလုံလောက်တတ်တဲ့အတွက် ဆည်အမျိုးအစားအမျိုးမျိုးမှာ တစ်နိုင်ငံလုံး အနှံ့အပြားမှာ လယ်သမားတွေဟာ စိုက်ချိန်အမျိုးမျိုးမှာ ရေလိုအပ်မှုရှိပါတယ်။ ဒီလိုရှိတဲ့ ရေလိုအပ်မှုအတွက် ဆည်ရဲ့အစဉ်အလာအရရှိခဲ့တဲ့ မိုးရေ၊ ဒီမိုးတွင်းမှာရှိတဲ့ဆည်ရေကို မိုးမှာအဓိကစိုက်တဲ့ ဆန်စပါး လုပ်ငန်းမှာ အဓိကမထားပဲနဲ့ နွေမှာစိုက်ဖို့ဆိုပြီး ကန့်သတ်လျာထားချက်တွေ နေရာအနှံ့အပြားမှာရှိတယ်။ ရှိတဲ့အတွက် ကျွန်တော်တို့မှာက မိုးတွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ဆန်စပါးလုပ်ငန်းမှာ အများကြီးထိခိုက်မှု၊ နှောက်ယှက်မှု၊ လယ်သမားတွေကိုယ်တိုင် ရေတင်ပြီးတော့ အခြားနည်းနဲ့ ဆောင်ရွက်ရတဲ့အတွက် ကုန်ကျ စရိတ်တွေများပြီးတော့ ဒီဆည်ရေက မိုးတွင်းမှာ မပေးနိုင်တဲ့အနေအထား ကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ရဲ့ မိုးတွင်းစပါးထုတ်လုပ်မှုဟာ အများကြီးထိခိုက်လျှက်ရှိတယ်။ ဒါနဲ့ပတ်သက်လို့ ဒီဆည်နဲ့ ပတ်သက်ပြီး မိုးတွင်းမှာ ရေမပေးရတဲ့မူဝါဒကို ခုချိန်ကစပြီး မိုးတွင်းမှာစိုက်သမျှ၊ ဆည်ရေနဲ့သုံးတဲ့ ဆန်စပါး စိုက်ပျိုးလုပ်ငန်းတွေကို လိုအပ်ရင်လိုအပ်တဲ့အချိန်မှာ အချိန်မှီ လယ်သမားတွေကို ကျေးရွာအုပ်ချုပ်ရေး အဆင့်ဆင့်မှာရှိတဲ့ ရေနဲ့ပတ်သက်တဲ့အစီအမံလုပ်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ညှိနှိုင်းပြီးတော့ ရေကိုအရင်လို နွေစိုက်ပျိုးဖို့အတွက်သော်လည်းကောင်း၊ လူကြီးများလာရင်ပြဖို့သော်လည်းကောင်း စုဆောင်းထားခြင်းမျိုး ဆိုတဲ့ ဒီလိုမျိုး အလုပ်မဖြစ်တဲ့လုပ်ငန်းတွေကို ပယ်ဖျက်ပြီးတော့ ဒီနေ့ ကျွန်တော်ဆွေးနွေးတဲ့ အချိန်ကစပြီးတော့ ဆည်ရေသောက်တဲ့ တောင်သူလယ်သမားတိုင်း၊ တစ်တိုင်းပြည်လုံးမှာရှိတဲ့ တောင်သူလယ်သမားတိုင်းဟာ ဒီဆည်ရေကို မိုးမှာ စိုက်တဲ့စပါးသီးနှံအတွက်ကို လိုအပ်ရင်လိုအပ်သလို ဌာန၊ နေရာတိုင်းမှာ လိုအပ်သလို ထုတ်ပြီးသုံးစွဲလို့ရပါတယ်။
ဒုတိယတစ်ချက်အနေနှင့် - အရေးကြီးတာက ဒီဆည်ရေကို ဒီလိုစိုးရိမ်သောကနဲ့ ပိတ်ဆီးထားတဲ့အတွက် အနှောက်အယှက်တွေကို ဒီလိုဖြေရှင်းပြီးတဲ့အပြင် ဒီဆည်ရေမှာ ကျန်ရှိမယ့်ကာလ နွေရာသီအတွက် ကျန်ရှိတဲ့ရေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းပြောပြရမယ်ဆိုရင် စပါးသီးနှံသက်သက်ကိုပဲ ရည်ရွယ် တာ မဟုတ်ပဲနဲ့ နိုင်ငံတော်အစိုးရသစ်ရဲ့မူအရ အကျိုးရှိတဲ့ ဘယ်သီးနှံမဆို အကျိုးရှိသလို လယ်သမားရဲ့ စိတ်ကြိုက် စိုက်ခွင့်ရှိထားတဲ့အတွက် နွေမှာစိုက်တဲ့ ဆည်ရေသောက်လယ်မြေတွေဟာ ဒေသအမျိုးမျိုး အလိုက်မှာ အစီ အမံအမျိုးမျိုးနဲ့ အကျိုးရှိတဲ့သီးနှံ၊ ဥပမာ- နှမ်းဆိုရင် စပါးထက် (၂)ဆ ဈေးနှုန်းရှိပါတယ်။ (၂)ဆ ပိုမြတ်ပါတယ်။ ဧရိယာအားဖြင့် နှမ်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံတွေဟာ စပါးထက်ဧရိယာ (၆)ဆပိုပြီးတော့။ စပါး(၁) ဧကမှာ နှမ်း(၆)ဧက၊ ပဲမျိုးစုံ(၆)ဧက စိုက်လို့ရပါတယ်။ စပါးရဲ့ ရေလိုအပ်ချက်နဲ့ ပဲ၊ နှမ်းတွေရဲ့ ရေ လိုအပ်ချက်က (၆)ဆကွာပါတယ်။ သို့သော် ပဲနှမ်းတွေရဲ့ဈေးနှုန်းဟာ စပါးဈေးနှုန်းတွေရဲ့(၂)ဆ ပိုပြီးတော့ အကျိုးအမြတ်ရှိပါတယ်။ ဒီတော့ဒေသတွေမှာ ဖြစ်စေချင်တာကတော့ လယ်သမားရဲ့ ဈေးကွက်စီးပွားရေး မူအရ အကျိုးရှိတဲ့လုပ်ငန်းကို အကျိုးရှိသလို စီမံဆောင်ရွက်ခွင့်ပေးပြီးတဲ့အခါမှာ နွေမှာရှိတဲ့ ဆည်ရေ သောက်လုပ်ငန်းတွေအားလုံးကို လွတ်လပ်စွာ ဆည်ပိုင်ဆိုင်တဲ့ကျေးရွာတွေရဲ့ စီမံခန့်ခွဲမှုအတိုင်း လွတ်လွတ်လပ်လပ် အကျိုးရှိတဲ့သီးနှံတွေကို အကျိုးရှိသလို စီမံဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးရှိ ဖွဲ့စည်းထားသော လွှတ်တော်ရေးရာဌာနသည် လွှတ်တော်သတင်းများကို လေ့လာစောင့်ကြည့်နေရကြောင်း၊ ထို့ပြင် မိမိတို့ဒေသအတွင်းရှိ မိဘပြည်သူများအနေနှင့် လွှတ်တော်နှင့်ပတ်သက်သည့် အသိပညာများကိုလည်း လာရောက်ဆွေးနွေးနိုင်ပါကြောင်း သိရှိရပါသည်။

နဂါခွန်

Powered by Blogger.