Thursday, June 9, 2016

ဒူးအောက်ပိုင်း ခြေတုတပ်ဆင်ပေးခြင်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၉) ရက်







၂၀၁၆-ခုနှစ်၊ ဇွန်လ(၉)ရက် တောင်ကြီးမြို့၊ကံကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် မသန်စွမ်းသူများအသင်း(TLMM)နှင့် ပအိုဝ်းလူငယ် ကွန်ယက်(PYN)တို့ပူးပေါင်းပြီး ဒူးအောက်ပိုင်း ခြေတုတပ်ဆင်ပေးခြင်း ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်း(၁၀း၀၀)နာရီအချိန်မှာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ တွဲဖက်အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ အဖွင့်အမှာစကားပြောကြားရာမှာ- မိမိတို့ ပအိုဝ်းအမျိုးသားများ နေထိုင်ရာဒေသများကို လာရောက်ပြီး အကူအညီများပေးနေသော မသန်စွမ်းသူများအသင်း(TLMM) ရွှေ့လျားမသန်စွမ်းအရင်းအမြစ်စင်တာအဖွဲ့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဒေသရှိ မိုင်းကြောင့်မသန်စွမ်းသူများ တစ်စုံတစ်ခုထိခိုက်မှုကြောင့် မသန်စွမ်းသူများကိုယ်စား ၀မ်းမြောက်ဝမ်းသာမိပါကြောင်း၊ မိမိတို့ပအိုဝ်းဒေသတွင် လာရောက်အကူအညီပေးသောကြောင့် မိမိအနေဖြင့် ကြိုဆိုပါကြောင့် ပြောကြားသွားပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်လှုမှုဝန်ထမ်းညွှန်ကြားရေးမှူး ဦးထွန်းဦးမှ အဖွင့်အမှာစကား ပြောကြားရာမှာ မိမိတို့အနေဖြင့် ယခုလိုလှုမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော မသန်စွမ်းသူများအသင်း (TLMM)နှင့် ပအိုဝ်းလူငယ်ကွန်ယက်(PYN) လူငယ်များအား များစွာဂုဏ်ယူမိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးလုပ်ငန်း၊ မူးယစ်ဆေးဝါးကိစ္စရပ်များ၊ ဘိုးဘွားရိပ်သာ၊ အမျိုးသ္မီးအခွင့်အရေး၊ မိဘမဲ့ကလေး၊ လူကုန်ကူးခံရသောသူများ စသည့်လှုမှုရေးကိစ္စရပ်များကို မိမိတို့အနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း၊ လှုမှုရေးကိစ္စနှင့် ပတ်သက်လျှင် မိမိတို့လှုမှုဝန်ထမ်းရုံးများကို လာရောက် အကူညီတောင်းခံနိုင်ပါကြောင်း ပြောကြားသွားပါသည်။
မသန်စွမ်းသူများအသင်း(TLMM) ခြေတုတာဝန်ခံ ဒေါ်နော်အယ်နီမှ ဒူးအောက်ပိုင်း ခြေတုတပ်ဆင်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာမှာ- မိုင်းကြောင့် မသန်စွမ်းသူများကို အဓိကထား လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မသန်စွမ်းသူများ တန်းတူအခွင့်အရေး ရရှိစေရန် မိမိတို့လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အခြေအနေကိုကြည့်ပြီး ခြေတု၊ ကျိုင်းထောင့်၊ နားကြားကိရိယာ၊ ၀ှီးချဲများကို တစ်နေရာတွင် (၂) လစီဖွင့်လှစ် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း၊ ယခုအကြိမ်သည် ရှမ်းပြည်နယ်တွင် ပထမဦးဆုံးအကြိမ် လက်တွေ့ လုပ်ဆောင်ပေးသွားခြင်းဖြစ်ကြောင်း၊ မသန်စွမ်းလူနာများနှင့် ဒူးအောက်ပိုင်း ခြေတုလိုအပ်သူများ အကူအညီလိုအပ်ပါက ပအိုဝ်းလူငယ်ကွန်ယက်(PYN) သို့မဟုတ်-မိမိတို့မသန်စွမ်းသူများအသင်း(TLMM)နှင့် လာရောက်ဆက် သွယ်နိုင်ပါကြောင်း တောင်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင် ပြီးသည့်အခါ လွိုင်လင်ခရိုင်အတွင်း(၂)လ၊ ဆီဆိုင်မြို့နယ်တွင် (၂)လသွားရောက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် နည်းပညာများကို တတ်နိုင်သမျှ မျှဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တစ်ဆက်တည်း ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဗဟိုတာဝန်ခံ ခွန်စိုးမောင်မှ ၎င်းတို့လူငယ်ကွန်ယက်နှင့် မသန်စွမ်းသူများအသင်း(TLMM) အဖွဲ့ပူးပေါင်းလှုပ်ရှားမှု အခြေအနေများကို တင်ပြရာမှာ- မသန်စွမ်းသူများ ခြေတုလိုအပ်သူများ ခြေတုတပ်ဆင်ပေးနိုင်သည့်အခါ နိုင်ငံ၏၀င်ငွေလည်း တိုးလာစေနိုင်မည်ဖြစ်ပြီး မသန်စွမ်းကိစ္စနှင့် ခြေတုလိုအပ်သည့် ကိစ္စများသည်လည်း နိုင်ငံအတွက် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း ပြောကြားသည်။ ဒူးအောက်ပိုင်း ခြေတုတပ်ဆင်ပေးခြင်း လုပ်ငန်းကို ရွေ့လျားမသန်စွမ်းအရင်းအမြစ်စင်တာမှ ခြေတုနှင့်အကြောအရိုးပညာရှင်- ရန်အောင်ကိုကို၊ Bench Walker-အယ်ဝါ၀ါထူး-Bench Walker-မိုးရီထူးတို့က (၈-၆-၂၀၁၆)ရက်နေ့မှစပြီး ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်တွင် (၂)လတိတိ ခြေတုတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ



Powered by Blogger.