Wednesday, June 22, 2016

international Labour Organization-ILO အဖွဲ့မှ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)နှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၂) ရက်


၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် International Labour Organization-ILO မှ Chief Technical Adviser/Programme Manager Matthew Maguire Consulant Susanne Lucie BAUERနှင့်အဖွဲ့သည် SIYBနှင့် စီးပွားရေးသင်တန်းပြုလုပ်ခဲ့သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်းနှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဌ ဦးအောင်ခင်တို့နှင့်တွေ့ဆုံပြီး SIYB၏ စီးပွားရေးသင်ရိုးညွန်းတမ်းများအကြောင်းနှင့် ပအိုဝ်းအမျိုးသားကျောင်းဖွင့်လှစ်ရန်အတွက် Businessနှင့်ပတ်သက်ဆက်နွယ်လာမည့် ကိစ္စရပ်များတွင် ILO၏ ပါဝင်ကူညီနိုင်မှုအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ILOအနေဖြင့် စီးပွားရေးသင်တန်းများကို ပအိုဝ်းဒေသတွင် ဆက်လက်ပြုလုပ်ရန် ဆန္ဒရှိကြောင်းနှင့် သင်ရိုးညွန်းတမ်းစာအုပ်များအား ဒေသခံများနှင့် ဆီလျှော်သည့်ညွန်းတမ်းများနှင့်သာ ဆက်လက်ထုတ်ဝေရန် စီစဉ်ဖြစ်ကြောင်း၊ ဒေသတွင်ထွက်ရှိသည့် ငရုပ်သီးထွက်ကုန်နှင့်ပတ်သက်ပြီး IOMမှ တန်ဖိုးမြှင့်ကွင်းဆက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား လာမည့် ဇူလိုင်လဒုတိယပတ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားကျောင်း ဖွင့်လှစ်နိုင်ရန်အတွက် စီမံချက်ကာလတွင် လိုအပ်ပါက SYIB အဖွဲ့အနေဖြင့် ကူညီရန်အသင့်ရှိကြောင်း သိရှိရပါသည်။

နန်းဟွမ်ပေး

Powered by Blogger.