Thursday, June 2, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုကော်မတီ(၂၀၁၅-၂၀၂၀)သက်တန်း ဒုတိယအကြိမ် မျက်နှာစုံလင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကျင်းပ

 တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၃) ရက်







တောင်ကြီးမြို့ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း ဒဲဉ်သီးဗွေ  ဟော်တန်ခန်းမအတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ(၂၀၁၅-၂၀၂၀)ခုနှစ်သက်တန်း ဒုတိယအကြိမ် ဗဟိုကော်မတီ မျက်နှာစုံလင် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၆-ခုနှစ်၊ ဇွန်လ-၁-ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။
ရှေးဦးစွာပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယကကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ၀ဏ္ဏကျော်ထင် သဘာပတိကြီး ဦးအောင်ခမ်းထီမှ ကြွရောက်လာကြသော လူကြီးများအား မေတ္တာပို့သပေးခဲ့ပြီး အဖွင့်အမှာ စကားပြောကြားရာတွင်- အမျိုးသားရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို  အခွင့်သင့်တိုင်း ဗဟိုကော်မတီဝင်များ လုပ်ဆောင်သွားရမည်ြဖစ်ကြောင်း အမျိုးသားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာမှာ အခက်အခဲပြဿနာများကို ကျော်လွားနိုင်ရမည်ဖြစ်ကြောင်း  အမျိုးသားတိုးတက်ရေးအတွက် ကောင်းနိုးရာများကို အကြံပေးဆွေးနွေး ဝေဖန်သုံးသပ် ကြိုးစားလုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးရေး အမျိုးသားအကျိုးစီးပွား တိုးတက်ရေးလုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း၊ ၁၉၇၃-ခုနှစ်တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို ဖွဲ့စည်းပေးခဲ့ပြီး ဆီဆိုင်မြို့နယ်ကို သူရိယ(ခမ်း)တိုင်း၊ ပင်လောင်းမြို့နယ်ကို စန္တာ(ခမ်း)တိုင်း၊ တောင်ကြီးခရိုင်မြောက်ပိုင်းကို မြင့်မိုရ်(ခမ်း)တိုင်း၊ တောင်ကြီးခရိုင်တောင်းပိုင်းကို ခွန်ဖြားဗွာ(ခမ်း)တိုင်းဟု တိုင်းလေးတိုင်းတို့ဖြင့် ဖွဲ့စည်းအုပ်ချုပ်ခဲ့ကြောင်း၊ မိမိတို့တစ်မျိုးသားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂါတ်ကျရောက်လာမည့် တာဝန်များကို ခေါင်းဆောင်လူကြီးများ လမ်းညွန်ချက်အတိုင်း ဗဟိုကော်မတီဝင်များ အုပ်ချုပ်ရေးမှုးများ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ထင်ရှားသော လူမျိုးတစ်မျိုးဖြစ်သည့်အလျှောက် မိမိတို့လူမျိုးနှင့် ထိုက်တန်သော အခွင့်အလမ်းများ ရရှိအောင်ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ် ပညာတတ်မျိုးချစ် လူငယ်မောင်မယ်များတို့သည်လည်း မိမိတို့မိခင်ဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရဲ့ လုပ်ငန်းလမ်းစဉ်များကို ပါဝင်ထမ်းဆောင်နိုင်ရန် အလွန်ပင်အရေးကြီးကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားရေးတာဝန်ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က အဓိကပထမ ထမ်းဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရှေးဆက်ဆွဲဆောင်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ရှိသော လူငယ်များကို မွေးထုတ်ပေးပြီး မိမိတို့အမျိုးသားများရဲ့ အမျိုးသားရေးလက္ခဏာများ၊ အစဉ်အလာကောင်းများနှင့် ယဉ်ကျေးမှု ဂုဏ်အင်္ဂါရပ်များကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လုပ်ကိုင်ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည့်စုံမှုမရှိပါက မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ သူ့အမြင် ကိုယ့်အမြင်များကို အချင်းချင်းဖလှယ်ပြီး သူတစ်ဖွဲ့ကိုယ်တစ်ဖွဲ့များ သင်းမကွဲကြစေဘဲ အမျိုးသားအကျိုးစီးပွားကို အတူလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ချိန်တစ်ခါက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဖဆပလပါတီကြီး ကွဲပြားခဲ့သည့် သမိုင်းကြောင်းကို ပြန်လည်လေ့လာသုံးသပ်ပြီး အားနည်းချက် အားသာချက်များကို ပြန်လည်ဝေဖန် ဆန်းစစ်ပြီး သင်္ခန်းစာယူရမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်ပါတီလမ်းစဉ်များ ကွန်မြူနစ်ပါတီလမ်းစဉ်များ ခေတ်စားသည့်ကာလတွင် မိမိတို့တစ်မျိုးသာလုံးအတွက် မည်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို မရရှိခဲ့ခြင်းကြောင်း၊ ယနေ့ခေတ် မိမိတို့အမျိုးသားတွင် နိုင်ငံရေးအတွေ့အကြုံများ စစ်ရေးအတွေ့အကြုံများ ရှိသည့်လူမျိုး တစ်မျိုးဖြစ်သည့်အားလျှော်စွာ အခွင့်လမ်းများကိုရယူ ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်သုံးသပ်ပြီး ယနေ့လူငယ်များသည်သည် ဈေးသုံးမလွယ်နဲ့ ရှေးထုံးမပယ်နဲ့ ဆိုသည့်အတိုင်း ခေတ်ပညာတတ် လူငယ်မောင်မယ်များဟာ မိမိတို့ပအိုဝ်းအမျိုးသားဆီကို ပြန်လာပြီး အဖွဲ့အစည်းခွဲများ ဖွဲ့စည်းတည်ထောင်စရာမလိုဘဲ မူလရှိပြီးသော အမျိုးသားရေး တာဝန်ကိုထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ လူမျိုးတစ်မျိုးသည် အဖွဲ့အစည်းများလေ မိဘပြည်သူများ အကျိုးစီးပွားဆုတ်ယုတ်လေလေ မျက်စိယောင် နားလွဲလေလေဖြစ်ကြောင်း၊ ၁၉၅၈-ခုနှစ်တွင် ဖြားဗွာဦးလှဖေ ဗိုလ်ချန်စုံတို့နှင့် ဦးကျော်စိန်တို့ပူးပေါင်းပြီး အမျိုးသားရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြကြောင်း၊ အမျိုးသားရေးကို ဦးစွာလှုပ်ခြားခဲ့သော ခေါင်းဆောင်ကြီးများသည်  ပအိုဝ်းလွောင်းဗူးကိုဖွဲ့စည်းခဲ့ပြီး နောင်တွင် ပအမဖဟုလည်းကောင်း ပအမဖမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဟူ၍လည်းကောင်း (PNO)ဗဟိုရုံးချုပ်တွင် အများသဘောတူ ဆုံးဖြတ်ပြီးခြဲ့ပီဖြစ်ကြောင့်၊ မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို (PNO)ကနေဦးဆောင်ပြီး လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် ရှေးဆက်လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းများကို ပအိုဝ်းအမျိုးသားတိုင်းမှာ တာဝန်ရှိပြီး စည်းလုံးညီညွတ်စွာဖြင့် ကိုယ်အား ဥာဏ်အား ဓနအားတို့ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေကွင်း)ကို (PNO)ပါတီ ဗဟိုဒုတိယဥက္ကဌ ဦးခွန်ဝင်းကိုကိုယ်တိုင် ကိုယ်အားဥာဏ်အားတို့ဖြင့် ကြိုးစားပေးမှုကြောင်း အကောင်အထည်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊  ဝေဖန်ရေးကို အဓိကမထားပဲ အမျိုးသားရေးလုပ်ငန်းများကို အတူတကွလုပ်ဆောင်ကြရန်နှင့် တစ်ဦးနှင့်တစ်ဦး အားလုံးနားလည်မှုရှိကြရန် မေတ္တာတရားထားပေးကြရန် လိုအပ်ကြောင်း၊ ဗဟိုကော်မတီဝင်များသည် မိမိတို့ဒေသပညာရေးကိစ္စများကို အလေးထားကြိုးပမ်းပေးကြရန်နှင့် မူလတန်းမှ အလယ်တန်းအဆင့် အထက်တန်းအဆင့်ထိ တိုးချဲ့နိုင်အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားများသည် စီးပွားရေးတစ်ခုသာ မမြင်ပဲ အမျိုးသားရေးကိုပါ စဉ်းစားသွားကြရမည်ဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာတွင် မိမိတို့အမျိုးသား တစ်ယောက်တစ်ဦးပါဝင်ပါက ဘယ်လောက်ပင် ၀မ်းမြောက်ရမည်ကို စဉ်းစားကြည့်ကြစေလိုပါကြောင်း၊ အမျိုးသားအကျိုးစီးပွားကို လုပ်ဆောင်ရာမှာ ကျွဲးကူးရေပါဆိုသကဲ့သို့ နှစ်ဦးနှစ်ဖက်အောင်မြင်မှု ရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်(PNO)ပါတီ ဗဟိုကော်မတီဝင်အားလုံး မိမိတို့အမျိုးသားပေးတာဝန်နှင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
တစ်ဆက်တည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီနာယက ဦးခွန်မောင်တုတ်ကို သဘာပတိအဖြစ် တင်မြောက်သည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီဥက္ကဌ ဦးခွန်စံလွင်မှ တင်ပြဆွေးနွေးရာတွင် ဗဟိုကော်မတီဝင်များအနေဖြင့် မိဘပြည်သူများ အကျိုးစီးပွားတွေကို ဆက်လက် ကျိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ရှေးလုပ်ငန်းစဉ်များကို အမျိုးသားရေးအသွင်ဖြင့် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရ၊ ပြည်နယ်လွှတ်တော် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များလည်းရှိပြီး အမျိုးသားရေးတာဝန်များကို လက်တွဲညီစွာဖြင့် ဆောင်ရွက်သွားရန်သာ လိုအပ်ပါကြောင်း ပြောကြားသွားပါသည်။
 တစ်ဆက်တည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီ အတွင်းရေးမှုးချုပ် ဦးခွန်သိန်းဖေမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုအလုပ်အမှုဆောင်များ ဆွေးနွေးဆုံးဖြတ်ပေးခဲ့သည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်များကို ဗဟိုကော်မတီအဖွဲ့ဝင်များအား တင်ပြဆွေးနွေးသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးအဖွဲ့မှုးစောခွန်ကျော်ဝင်း စီမံဌာနမှ ဌာနမှုးခွန်ကျော်အေး၊ လွှတော်ရေးရာဌာနမှ ဌာနမှုးခွန်အောင်နိုင်၊ ပြန်ကြားရေးဌာနမှ ဌာနမှုးခွန်ထွန်းလှအောင်၊ ဥပဒေရေးရာဌာနမှ ဌာနမှုးနန်းစိန်း၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဌာနမှုးခွန်ကြည်၊ သုတေသနနှင့်နည်းဗျူဟာရေးဆွဲရေးဌာနမှ ခွန်ဝင်းနိုင်၊ ၀က်ဆိုက်ဌာနမှ ခွန်အောင်မျိုးဦး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှ ဌာနမှုးခွန်ဆောင်းရွှေ၊ ပြည်သူ့ဆက်ဆံရေးဌာနမှ ခွန်လှစိုး၊ ဘဏ္ဍာရေးဌာနမှ ခွန်အောင်နိုင်၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)မှခွန်စိုးမောင်၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)မှ အတွင်းရေးမှုးခွန်ချစ်ဦး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကော်မတီ နည်းပညာအထောက်အကူပြုအဖွဲ့ ဒုတာဝန်ခံခွန်ချစ်တင်၊ တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကိုယ်စားလှယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲကိုယ်စားလှယ်၊ ဟိုပုံးမြို့နယ်ကိုယ်စားလှယ်၊ ဆီဆိုင်မြို့နယ်ကိုယ်စားလှယ်၊ ပင်လောင်းမြို့နယ်ကိုယ်စားလှယ်၊ နောင်တရားမြို့နယ်ခွယ်ကိုယ်စားလှယ်၊ ကလောမြို့နယ်ကိုယ်စားလှယ်၊ ညောင်ရွှေမြို့နယ်ကိုယ်စားလှယ်၊ ရပ်စောက်မြို့နယ်ကိုယ်စားလှယ်၊ နမ့်စန်မြို့နယ်ကိုယ်စားလှယ်၊ မောက်မယ်မြို့နယ်ကိုယ်စားလှယ်၊ လွိုင်လင်မြို့နယ်ကိုယ်စားလှယ်၊ မိုင်းပန်မြို့နယ်ကိုယ်စားလှယ်၊ ထန်းတပင်မြို့နယ်ကိုယ်စားလှယ်၊ သထုံမြို့နယ်ကိုယ်စားလှယ်၊ ဘားအံ့မြို့နယ်ကိုယ်စားလှယ်တို့က တစ်နှစ်တာ အမျိုးသားရေးလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း အခြေအနေများ ဆွေးနွေးတင်ပြပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဟိုတယ်နှင့်ခရီးသွား(CIT)မန်နေဂျာခွန်ထွန်းဦးမှ မိမိတို့ပအိုဝ်းဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း စတင်ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ရခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တ၀င့်  ဆွေးနွေးတင်ပြသည်။ ပအိုဝ်းလူငယ်ကွန်ယက်(PYN) စီးပွားရေးလုပ်ငန်းရှင် ခွန်လှဖေမှ ယနေ့ပအိုဝ်းဒေသ စီးပွားရေးအခြေအနေများနှင့် မြန်မာနိုင်ငံစီးပွားရေး အခြေအနေများ အနာဂါတ်မြန်မာနိုင်ငံစီးပွားရေး အခြေအနေများကို ဆွေးနွေးတင်ပြသည်။
 ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) စိုက်ပျိုးရေးအကြံပေး ခွန်ချစ်လယ်မှ ပအိုဝ်းဒေသ အာလူးစိုက်ပျိုးရေးနည်းပညာများနှင့် မိမိတို့ဒေသနှင့်သင့်လျှော်သော အာလူးမျိုးဥအမျိုးအစားများ အာလူးစိုက်ပျိုးရေး လှုပ်ခြားမှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူကာကွယ်ရေးဦးစီးဌာန(တောင်ကြီး) ဦးခွန်ကျော်ဌေးမှ စားသုံးရန်မသင့်သော အစားအစာများ သဘာဝဆိုးဆေးများနှင့် ဓါတုဆိုးဆေးများအကြောင်း အဆိပ်ရှိသော မုန့်ပဲသရေစာ အမျိုးအစားများအကြောင်းကို ဆွေးနွေးတင်ပြသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တွဲဖက်အထွေထွေအတွင်းရေးမှူး ခွန်သောမတ်သည် ၎င်းအဖွဲ့ချုပ်၏ သဘောထားကြေငြာချက်စာတမ်းကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအထွေထွေအတွင်းရေးမှုးချုပ် ဦးခွန်သိန်းဖေသည် (PNO)ပါတီဗဟိုကော်မတီထံမှ ဆုံးဖြတ်ချက်(၈)ချက်ကို အတည်ပြုချက်ရယူပြီး၊ သဘာပတိကြီး ဦးခွန်မောင်တုတ်မှ ပအိုဝ်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်ကြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဆင့်ထိ ရရှိအောင် ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံး ၀ိုင်းဝန်းကြိုးစားသွားကြရန် တိုက်တွန်းရင်း နိဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.