Tuesday, June 21, 2016

နယ်သာလန်ဘုရင့်နိုင်ငံ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်


၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်း ၁၀း၃၀ အချိန် တောင်ကြီးမြို့ ဈေးပိုင်းရပ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် နယ်သာလန်ဘုရင့်နိုင်ငံ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့သည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။
နယ်သာလန်ဘုရင့်နိုင်ငံသံရုံးမှ  နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ ဒုတိယအတွင်းဝန် မစ္စတာနစ်(ခ်)ပါလန် မစ္စတာစန္ဒာဒီထောမ့် နှင့် ဦးစောဂျက်ဆင်တို့သည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ရုံးတွင် အတွင်းရေးမှူ(၃)ဦးခွန်တင်ထွဋ်၊ ရုံးအဖွဲ့မှုး ဦးစောခွန်ကျော်ဝင်း နိုင်ငံတကာဆက်ဆံရေးဌာနမှုး ဦးခွန်ကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာမှာ ရှမ်းပြည်နယ်တောင်းပိုင်းနှင့်  ပအိုဝ်းဒေသတွင်း စိုက်းပျိုးရေး အခြေအနေများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)  ငြိမ်းချမ်းရေးလှုပ်ရှားမှု အခြေအနေများ၊ ပြည်သူလူထုအပေါ်တွင် ထားရှိသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) စီးပွားရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းအခြေအနေများကို  ဆွေးနွေးခြင်း အာလူးထုတ်ကုန်နှင့် ပတ်သက်ပြီး အသေးစားစက်မှုဖြင့် ထုတ်လုပ်နိုင်ရန်အတွက် နယ်သာလန်ဘုရင့်နိုင်ငံတွင် သွားရောက်လေ့လာမည့်ဒေသခံ ကိုယ်စားလှယ်အဖွဲ့များကို  ၀ိုင်ဝန်းကူညီမည်ကိစ္စ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသဖွံ့ဖြိုးရေးအတွက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)နှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.