Friday, July 1, 2016

လာမည့်ဇူလိုင်လ(၅)ရက်နေ့တွင် ပအိုဝ်းဒေသ တ၀ှမ်းလုံးရှိ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးရန် အစည်းအဝေးပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်



သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လာမည့်ဇူလိုင်လ(၅)ရက်နေ့တွင် ပအိုဝ်းဒေသတ၀ှမ်းလုံး မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်နိုင်ရန်  ဗဟိုကော်မတီမှ ဦးဆောင်၍ ဇူလိုင်လ ၁ရက်နေ့ နံနက်၁၀း၀၀နာရီအချိန်တွင် တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ဗဟိုဌာနချုပ်ရုံး အစည်းဝေးခန်းမ၌  အစည်းအဝေးပွဲကို ညှိနှိုင်းဆွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ အမှာစကားပြောကြားရာ လာမည့်ဇူလိုင်လ(၅)ရက်နေ့တွင် မိမိတို့ပအိုဝ်းဒေသတ၀ှမ်းလုံးရှိ ကျေးရွာတိုင်း အိမ်တိုင်းသစ်ပင်စိုက်ကြရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းသည် နိုင်ငံအတွက်သာမက မိမိတို့ဒေသအတွက်ပါ အလွန်မှအရေးကြီးကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိမ်းသိမ်းရာမှာလည်း အလွန်အရေးပါနေကြောင်း၊ သစ်ပင်စိုက်ပျိုးပြီးသည့်ကာလတွင်လည်း သက်ဆိုင်ရာမိမိတို့ကျေးရွာ အုပ်စုမှပြန်လည် တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ကြရန် အထူးပင်လိုအပ်ကြောင်း တိုက်တွန်းအမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပအိုဝ်းဒေသတ၀ှမ်းလုံး စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကိစ္စနှင့်ပတ်သက်ပြီး အထူးဖိတ်ကြားထားသော ပုဂ္ဂိုလ်လူကြီးများက အထွေထွေကဏ္ဍများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နံနက် ၁၁း၄၅အချိန်တွင် အစည်းအဝေးပွဲကို ကျင်းပပြီးစီခဲ့ကြောင်း သတင်းရရှိသည်။

ခွန်ဗန်ထို

Powered by Blogger.