ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်၊ တနင်္ဂနွေနေ့၊ တောင်ကြီးမြို့နယ်၊ ဖက်ကွံဘုန်တော်ကြီးကျောင်းတွင် ပြုလုပ်သော ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်က ဖက်ကွံကျေးရွာအုပ်စု၊ ဖက်ကွံကျေးရွာ၌ တည်ဆောက်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းတည်ဆောင်နိုင်ရန်အတွက် အလှူငွေ(၁၀)သိန်းကျပ် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဖက်ကွံဘုန်းတော်ကြီးကျောင်းကို ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဖက်ကွံကျေးရွာတွင် အိမ်ခြေ(၂၀၀)ကျော် ရှိကြောင်းသိရှိရပါသည်။
ခွန်ထင်;လေအောင်;
Like On Facebook
Follow On Twitter
Subscribe On RSS