ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု လွယ်ပွတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲကို(၁၇-၇-၂၀၁၆) တနင်္ဂနွေနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် အောင်မြင်စွာဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကို တာဝန်ရှိလူကြီးမင်းများမှ ရှေးဦးစွာဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေးမှူး ဦးမြင့်အောင်နှင့် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးတို့က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တိုးမြှင့်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး တိုးမြှင့်ကျောင်းဖွင့်ပွဲ အထိမ်းအမှတ်အလံ ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ ကြွရောက်လာကြသော ဧည့်သည်တော်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံမိဘပြည်သူများ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများအား ကျွေးမွေးဧည့်ခံခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သတင်းရရှိပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS