Saturday, August 13, 2016

ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်သံဗတ်ရွာတွင် ဖြစ်ပွားခဲ့သောမုဒိန်းကျင့်သတ်ဖြတ်ခံရသော ကျောင်းသူမိဘများကို အားပေးစကားပြောခြင်းနှင့်အလှူဒါနပြုခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်




ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်သံဗတ်ရွာတွင် ဖြစ်ပွားခဲ့သောမုဒိန်းကျင့်သတ်ဖြတ်ခံရသော နန်းဆိန်းမိဘများကို၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်၊ ညနေ(၅း၀၀)နာရီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးဝန်ထမ်းများက အားပေးစကားသွားပြောခြင်းနှင့် အလှူဒါနပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ဘ၀တစ်ပါးသို့ကူးပြောင်းသွားသော နန်းဆိန်းနှင့် ကျန်ရစ်သူမိသားစုများကို အလှူဒါနပြုနိုင်ရန်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးဝန်ထမ်းများ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ GIC အဖွဲ့၊ ပတ္တမြားဆေးခန်းဝန်ထမ်းများ၊ ပအိုဝ်းသွေးလှူရှင်အဖွဲ့များ၊ မေတ္တာဖောင်ဒေးရှင်းမှ ဆရာမဒေါ်နန်းယဉ်ငြိမ်းအေး စသည့်အဖွဲ့တို့သည် တတ်နိုင်သလောက်ငွေကြေးများစုဆည်းကာ အလှူငွေ ကျပ် (၁၈၀၀၀၀) ကျပ်တိတိကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးဝန်ထမ်းများမှ သွားရောက်လှူဒါန်း ခဲ့ကြောင်းသိရှိရပါသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၉)ရက်၊ ညနေ (၅း၀၀)နာရီအချိန်တွင် ဒုတိယတန်းကျောင်းသူ နန်းဆိန်းကို လူမဆန်စွာအဓမ္မပြုကျင့်ပြီး လည်ပင်းကိုကြိုးတစ်ချောင်းနဲမသေမချင်းသတ်ဖြတ်သွားခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရာခံကို အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ဖို့ ရဲစခန်းအနေနဲ့ အစွမ်းကုန်ကြိုးစားဖော်ထုတ်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းဘန်းယဉ်ရဲစခန်းမှူး ဦးစိုင်းမောင်ထွေးက ပြောကြားခဲ့ကြောင်း ကျန်ရစ်သူမိသားစုများက ပြောကြားခဲ့ပါသည်။

နန်းဆားတဲုင်

Powered by Blogger.