Monday, August 29, 2016

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ ပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် တွေ့ဆုံပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်






အထူးဒေသ(၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာအုပ်စု ပုံလောင်း ဘုန်းတော်ကြီးကျောင်း ၂၀၁၆-ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့တွင် ပအိုဝ်းအမျိုးသားတပ်မတော် PNA၊ PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေတပ်ဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် တွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် အထူးဒေသ(၆)သထုံပေးမြို့နယ်ဥကဋ္ဌ ဗိုလ်လေးခွန်ပျားမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော်PNA၊ ဗဟိုစစ်ကော်မတီ ဒုဥက္ကဋ္ဌဗိုလ်မှူးကြီးပီတာထွန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင်-မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများသည် မိမိတို့ဒေသနှင့် မိမိတို့နိုင်ငံကို ဘေးကျေရာက်စေနိုင်ကြောင်း လူတစ်ဦးချင်းစီမှစပြီး မိမိတို့ဒေသတစ်ဝန်းလုံး မသုံးစွဲမိကြဖို့ အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်အစိုးရနှင့်လက်တွဲပြီး မိမိတို့ဒေသမူးယစ်ဆေးဝါးများ ပပျောက်ဖို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆိုးကျိုးကိုဖြစ်စေသော စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများကို လူတိုင်း ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးပပျောက်ရေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများပပျောက်ရေး အကြောင်းကို ဒုဗိုလ်မှူးကြီးခွန်ဂျိုးဇက်၊ ဒုဗိုလ်မှူးကြီးခွန်ချစ်လယ်၊ ဗိုလ်မှူးခွန်ကီး၊ ဗိုလ်မှူးခွန်ဝင်ရွှေ၊ ဗိုလ်မှူးခွန်မြအောင်၊ ဗိုလ်ကြီးခွန်ဥာဏ၊ ဗိုလ်ကြီးခွန်အောင်ကျော်တို့မှ အကျယ်တ၀င့်ဟောပြောပေးခဲ့ပြီး မြို့နယ်အကျိုးတော်ဆောင် ဆရာခွန်ပဲက်မှ ရပ်မိရပ်ဖကိုယ်စား ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။
မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲကိုအထူးဒေသ(၆) သူရိယခမ်း နယ်မြေတွင် (၁၃) နေရာဟောပြောပေးခဲ့သည်။ ယခုနောင်ကျော်ကျေးရွာအုပ်စုတွင် ကျေးရွ(၃၀)မှဒေသခံမိဘပြည်သူများ (၁၀၀၀) ကျော်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.