Sunday, September 11, 2016

မြန်မာ့လူနေမှုဘ၀ကို ကာတွန်းနှင့်ပန်းချီဖြင့် ပုံဖော်ခြင်းပြပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်



၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်မှ (၁၄) ရက်နေ့အထိ တောင်ကြီးမြို့၊ စူဠာမုနိ လောကချမ်းသာ စေတီတော် ရင်ပြင်၌ ကောင်ရွေလူမှုလှုပ်ရှားဆောင်ရွက်ရေးကွန်ယက်၊ ထိုင်ဝမ်နိုင်ငံမှ Taiwan Ministry of Cultrue နှင့် National Chi Nan University (Taiwan) အဖွဲ့တို့ပူးပေါင်းပြီး မြန်မာ့လူနေမှုဘ၀ ကာတွန်းနှင့် ပန်းချီဖြင့် ပုံဖော်ခြင်းပြပွဲအခမ်းအနားကို (၃)ရက်တိတိပြသပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါအခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်မှာ “လက်ရှိမြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှု ဖြစ်နေချိန်မှာ တခါ တလေ ပြည်သူများအနေဖြင့် စာဖတ်အားနည်းနေသောကြောင့် ကာတွန်းနှင့်ပန်းချီကို အခြေခံပြီး ပြသသွား မည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံဖြစ်ပျက်နေသော ပြဿနာ ပညာရေးအခြေအနေများ၊ လှုမှုရေး အခြေ အနေများ၊ သဘာဝပတ်ဝန်းကျင် အခြေအနေများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ စသည့်ဖြင့်အပြောင်းအလဲများကို  ပြည်သူလူထု ကွက်ကွက်ကြားကြားမြင်လာအောင် ကျင်းပရခြင်း ဖြစ်တယ်လို့” မြန်မာ့လူနေမှုဘ၀ အပြောင်း အလဲ အခြေအနေကို ကာတွန်းနှင့်ပန်းချီပြပွဲ ပွဲဖြစ်မြောက်ရေး ကော်မတီ ခွန်ခေတ်စံက ပြောကြားခဲ့ပါသည်။ ထိုကာတွန်းပြပွဲနှင့် ပန်းချီပြပွဲကို ထိုင်ဝမ်တက္ကသိုလ်ကျောင်းသားကာတွန်းဆရာ (၂)ဦး၊ မြန်မာနိုင်ငံ ကာတွန်း ဆရာ (၂) ဦး၊ စုစုပေါင်း (၄)ဦး ဦးဆောင်ရေးဆွဲသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

နန်းဆားတဲုင်

Powered by Blogger.