Thursday, September 8, 2016

ရပ်ရွာအခြေပြု လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်







၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၈)ရက်၊  နံနက်-( ၉း၁၅ ) အချိန်တွင် ရပ်ရွာအခြေပြု လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ရပ်ရွာအခြေပြု လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီဥက္ကဋ္ဌ ဦးခွန်စံလွင်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင်- တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတတ်ဖို့အတွက် အခြေခံကျသော ကျေးလက်ဒေသဖွံဖြိုးမှုက လွန်စွာအရေးကြီးကြောင်း၊ ခေတ်စနစ်တစ်ခု၏ ပြောင်းလဲမှုများကို လိုက်လျော်ညီထွေစွာ ပြုပြင်ပြောင်းလဲ နိင်ဖို့က မဖြစ်မနေလိုအပ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း အတွင်းသို့ နိုင်ငံတကာအဖွဲ့အစည်များမှ လူထုအခြေခံသော စီမံကိန်းများလုပ်ဆောင်ရာတွင် ဒေသခံပြည်သူလူထုများက ထိထိမိမိ တိတိကျကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်လဲးနိုင်ဖိုအတွက် မဖြစ်မနေ ကျေးလက်ဒေသမှာရှိသော ပြည်သူများပါဝင် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်းနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများကို နွေးထွေးစွာ ကြိုဆိုကြောင်း  ပြောကြာသွားခဲ့ပါသည်။
ဆက်လက်၍ လူမှုရေးဆိုင်ရာသုတေသနအဖွဲ့အစည်း(SPPRG)မှ သုတေသနပညာရှင် ဒေါက်တာအောင်နိုင်မှ (SPPRG)၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားရာမှာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပို၍ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ကျေးလက်အိမ်ထောင်စု များသည် ဆင်ရဲနွမ်းပါးမှုဆိုင်ရာ အမြင်ရှုထောင့်ကို သိရှိနာလည်ရန်၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိင်စေရန်၊ လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ လိုအပ်ချက်များနှင့် လက်ရှိဆောင်ရွက်နေသော အစီအစဉ်များကို သိရှိနာလည်စေရန်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ဆင်းရဲနွမ်းပါးမှုနှင့် ထိခိုက်လွယ်မှုဆိုသည့် သဘောတရားများကို လေးနက်စွာ သိရှိနာလည်နိုင်စေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၏ သုတေသနဆိုင်ရာ စွမ်းဆောင်ရေး မြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များနှင့် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ ရည်ရွယ်ချက်များနှင့် အညီ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ရွာပေါင်း (၆)ရွာကို စီမံကိန်းဝင်လျက်ရှိကြောင်း၊ ရှင်လင်းပြောကြာခဲ့ပါသည်။ တစ်ဆက်တည်မှာပင် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး အဖွဲ့အစည်း ဆရာမ ဒေါ်ခင်နှင်းဖြူမှ  အမျိုးသားနှင့်အမျိုးသမီတို့၏ အမြင်မတူပုံနှင့်  Gender အကြောင်းကိုလည်း ရှင်လင်းပြောကြားခဲ့ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အတွင်းရှိ  (SPPRG)မှ ထောက်ပံပေးလျက်ရှိသော လည်ပါတ်ရံပုံငွေ စီမံကိန်း ပါဝင်သည့် ကျေးရွာများမှာ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု ဟိုနားကျေးရွာ၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာ၊ နောင်ယွေးကျေးရွာ၊ နားသံကျေးရွာအုပ်စု နားမွန်ကျေးရွာ၊ ပင်လောင်မြိုနယ် ပေါအင်ကျေးရွာအုပ်စု ထီရွေး/ထီရယ်ကျေးရွာ စသည့်ကျေးရွာများမှ  လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများကို ရှင်လင်းတင်ပြခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.