Monday, September 19, 2016

Elevation Team အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တာဝန်ရှိပုဂ္ဂိုလ်များနှင့်လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်


၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်၊ တနလာင်္နေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၌ Elevation Team အဖွဲ့ Tim Tounce မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စီမံကိန်း ချမှတ်ထားသောကျေးရွာ (၆) ရွာများ၏ အောင်မြင်မှု ကောင်းကျိုး/ဆိုးကျိုးများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်း၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် အတွင်းရေးမှူး ခွန်ချစ်ဦးတို့နှင့် လာရောက် တွေ့ဆုံဆွေးနွေးကြောင်း သိရှိရပါသည်။
အဆိုပါလာရောက်တွေ့ဆုံဆွေးနွေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စီမံကိန်း(၆)ရွာများကို အောင်မြင်စွာချမှတ်နိုင်ခဲ့ပြီး စီမံကိန်းကျေးရွာများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းကျိုး/ဆိုးကျိုးများကို သိရှိနိုင်ရန်အတွက် လာရောက်တွေ့ဆုံဆွေးနွေးကြပြီး ဟိုပုံးမြို့နယ်တွင် လီမေားရွာ၊ ဟိုနားရွာ၊ ဆီဆိုင်မြို့နယ်တွင် ထာပူးထိုကျေးရွာ၊ နောင်ယွေးကျေးရွာ၊ နာမွန်ကျေးရွာ၊ ပင်လောင်းမြို့နယ်တွင် ထီရွှေကျေးရွာ တို့ အောင်မြင်စွာ စီမံကိန်းများချမှတ်ခဲ့သော ကျေးရွာများဖြစ်ကြောင်း သတင်းရရှိပါသည်။

ခမ်းကောင်မူးပေ

Powered by Blogger.