Monday, September 12, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန ဦးဆောင်၍ Start and Improve Your Business – SIYB အခြေခံ စီးပွားရေးသင်တန်း ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်





ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဦးဆောင်၍ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး သင်တန်းကျောင်း၏ Start and Imrove Your Business –SIYB အခြေခံ စီးပွားရေး သင်တန်း အမှတ်စဉ် (၁)ကို  ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်၊ တနလာင်္နေ့တွင် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း ဒဲဉ်သီးဗွေ ခန်းမတွင် ဖွင့်လှစ်ကျင်းပ ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွှေမှ အဖွင့်အမှာ စကားပြေားကြားခဲ့ပါသည်။ ထိုနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှလည်း Start and Improve Your Business –SIYB အခြေခံ စီးပွားရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် - အောင်မြင်သော စွန့်ဦး တီထွင်လုပ်ငန်းရှင် ဖြစ်ရန်လိုအပ်သော အခြေခံလိုအပ်ချက်များကို လေ့လာသုံးသပ် တတ်စေရန်၊ မိမိစီးပွားရေး လုပ်ငန်းဆိုင်ရာ စိတ်ကူများကို ရှင်းလင်းဖော်ပြတတ်ရန်၊ အလားအလာရှိသော စီးပွားရေးဆိုင်ရာ စိတ်ကူများကို ရှာဖွေတတ်ပြီး အကောင်အထည်ဖော်နိုင်ရန်၊ ကိုယ်ပိုင်လုပ်ငန်းဖန်တီးနိုင်ရန်၊ အကောင်းဆုံး ရွေချယ် တတ်စေရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အခြေခံ စီးပွားရေးသင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေး       ဌာနမှ သင်တန်းမှူး/တာဝန်ခံ ခွန်သိန်းစိုး၊ သင်တန်းနည်းပြ - ခွန်အောင်သိန်းနိုင်၊ ခွန်ထက်အောင်၊ နန်းထက်မြတ်ဝင်း နှင့် နန်းခင်နွဲ့ တို့က သင်ကြားပြသပေးမည်ဖြစ်ပြီး (12-9-2016) နေ့မှ (15-9-2016) ရက်နေ့အထိ (၄)ရက်တိုင်တိုင် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.