Thursday, September 22, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန သင်တန်းနည်းပြများက ဘုရားတောင်ရေဆိပ်လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတွင် အလှူငွေသွားရောက်လှူဒါန်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်











ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအုပ်စု၊ ဘုရားတောင်ရေဆိပ်ရွာ၊ ဘုရားတောင်ရေဆိပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန သင်တန်းနည်းပြများစုပေါင်းပြီး ဘက်စုံပြုပြင်မွမ်းမံဆောက်လုပ်ရန်အတွက် အလှူငွေ(၈၀၀၀၀)ကျပ်ကို ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၈း၀၀)အချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါကျောင်းတွင် ဦးတည်ချက်(၄)ရပ်ဖြစ်သည့် (၁) စည်းကမ်းရှိရမည် (၂) ရိုးသားရမည် (၃) ကြိုးစားရမည် (၄) သူတစ်ပါးကို ကူညီနိုင်ရမည် စသည်တို့ကိုတွေ့ရှိခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွင်း အုပ်ချုပ်ရေးနှင့် အထွေထွေတာဝန်ယူသည့်ပုဂ္ဂိုလ်များ(၉၆)ပါး/ဦးရှိပြီး မူလတန်းအဆင့်(၂၇)ဦး၊ အလယ်တန်းအဆင့်(၄၅၆)ဦးနှင့် အထက်တန်းအဆင့်(၅၈၆)ဦး စုစုပေါင်းကျောင်းသား/သူ(၁၀၆၉)ဦးရှိကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား(၁၁၉)ဦးနှင့် ကျောင်းသူ(၂၃၉)ဦး စုစုပေါင်း(၃၅၈)ဦး ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းသား/သူများကို ရိုးရိုးတန်း(အသစ်)နှင့် အထူးတန်း(နှစ်ကျ)ဟူ၍ ခွဲခြားထားပြီး လေ့ကျင့်သင်ကြားပေးနေကြောင်း သိရှိခဲ့ရပါသည်။
ဘုရားတောင်ရေဆိပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း၏ တစ်နပ်အတွက် ကုန်ကျမှုစရိတ်သည် (၂၀၀၁၆၆) ကျပ် ဖြစ်ပြီး တစ်ရက်အတွက် ကုန်ကျမှုစရိတ်သည် (၆၀၀၅၀၀) ကျပ် ဖြစ်ကြောင်းနှင့် တက္ကသိုလ်ပညာသင်ထောက်ပံ့မှုနှင့် ချက်ပြုတ်ဝေယျာဝစ္စမပါပဲ တစ်လအတွက် ကုန်ကျမှုစရိတ်သည် (၁၈၀၁၅၀၀၀) ကျပ် ရှိကြောင်း၊ ၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ (၄၁)ဦးရှိကြောင်း သိရှိခဲ့ပါသည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)
Powered by Blogger.