Thursday, October 6, 2016

INTERNATIONAL REPUBLICAN INSTITUTE(IRI)အဖွဲ့ ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်




တောင်ကြီးမြို့ ချယ်ရီကွင်းဟိုတယ်တွင်(IRI)မှ Darin Bielecki ဦးဆောင်ပြီး ရှမ်းပြည်နယ်ပါတီပေါင်းစုံနှင့် ရွေးကောက်ပွဲဆိုင်ရာအကြောင်းများကို ၂၀၁၆-ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်များကို ၀န်ဆောင်မှုပေးခြင်း၊ လူထုပြဿနာများကိုဖြေရှင်းပေးခြင်း၊ မဲဆန္ဒရှင်များနှင့် သွားရောက်တွေ့ဆုံပေးရခြင်း၊ မြို့နယ်လူထုတွေ့ဆုံကို ကျင်းပပြုလုပ်ပေးရခြင်း၊ မြို့နယ်လူထုတွေ့ဆုံပွဲတွင် ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုများ၊ မဲဆန္ဒရှင် ကူညီပေးရေးနှင့် မြို့နယ်လူထုတွေ့ဆုံပွဲ အခမ်းအနားကျင်းပရန် ဒီဇိုင်းရေးဆွဲခြင်း၊ နိုင်ငံရေးပါတီများသည် မူဝါဒပြဿနာကို သုတေသနပြုရခြင်း၊ ဖြေရှင်းချက်နည်းလမ်းများကိုရှာခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ မူဝါဒကို အသုံးချခြင်း(မူဝါဒရေးဆွဲစဉ်စဉ်းစားရမည်)၊ နောက်ဆုံးစိစစ်မှုများပြုလုပ်ရခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။
ထိုဆွေးနွေးပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(USDP)ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ပြည်ထောင်စု ဖက်ဒရယ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ National Unidyပါတီ၊ ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ရှမ်းအမျိုးသားများဒီမိုကရေစီပါတီ၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီများမှ ပါတီကိုယ်စားလှယ်(၄၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.