Monday, December 5, 2016

ပအိုဝ်းဒေသကျေးရွာလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်






ပအိုဝ်းဒေသကျေးရွာလူထု ပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၄)ရက်၊ တနင်္ဂနွေနေ့၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ထီနဲ့ကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ ခရီးသွားလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ် မြန်မာဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ညွန်ကြားရေးမှူးဦးစီးဌာန ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင်၊ GIZ ရှမ်းပြည်နယ် တာဝန်ခံ Mr.Wulf နှင့် ဖိတ်ကြားထားသော အထူးပုဂ္ဂိုလ်များ၊ အင်းတိုင်းရင်းသားများ၊ ဓနုတိုင်းရင်းသားများနှင့် ဒေသခံများက တက်ရောက်ခဲ့ကြပါသည်။
၎င်းဖွင့်ပွဲ အခမ်းအနားအစီအစဉ်ကို အပိုင်းနှစ်ပိုင်း သတ်မှတ်ကာ အပိုင်း(၁) အစီအစဉ်တွင် တက်ရောက်လာကြသော လူကြီးမင်းများက နေရာယူကြပြီး ပအိုဝ်းဒေသကျေးရွာလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ် မြန်မာဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွန်ကြားရေးမှူး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင် GIZ ရှမ်းပြည်နယ် တာဝန်ခံ Mr. Wulf နှင့် ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်(ယခင်) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ကြွရောက်လာသော လူကြီးမင်းများက ဒေသခံများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးပြီး စုပေါင်း သစ်ပင်စိုက်ပျိုးကာ Community Involved Tourism (CIT) အဆောက်အဦးများနှင့် ကျေးရွာအတွင်း ရှုခင်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနား အစီအစဉ် အပိုင်း(၂)အရ ပထမဦးစွာ ထီနဲ့ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်များထံမှ ငါးပါးသီလခံယူကာ ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍ ရှမ်းပြည်နယ် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွန်ကြားရေးမှူး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် GIZ ရှမ်းပြည်နယ် တာဝန်ခံ Mr.Wulf တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ပအိုဝ်းဒေသရှိ ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာပုံနှင့် Community Involved Tourism Pa-O Region (CITPAR) ပရောဂျက်အကြောင်းကို ရှင်းလင်းတင်ပြပြီး ထီနဲ့ကျေးရွာမှ ဖြားခွန်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.