Monday, December 5, 2016

ပင်လောင်းမြို့နယ်ရှိ (၂၅) ခုတင်ဆံ့ ပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်နိုင်ရေး အစီအစဉ်မရှိသေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်


ဒီဇင်ဘာလ (၅) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း က ပင်လောင်းမြို့နယ်ရှိ (၂၅) ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ခုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံ အဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအဉ် ရှိ/မရှိမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဒေါက်တာမြင့်ထွေး က ပင်လောင်းမြို့နယ်ဆေးရုံတွင် အတွင်းလူနာဦးရေနှင့်ဆေးရုံလုပ်ငန်း အညွှန်းကိန်းများသည် ၂၀၁၁ ခုနှစ်မှ ယခုနှစ် (ဇွန်လ) အထိ ထူးခြားစွာများပြားလာခြင်းမရှိဘဲ တစ်နေ့ပျမ်းမျှအတွင်းလူနာဦးရေမှာ (၂၆) ဦး ခန့်သာရှိကြောင်း၊ ဆေးရုံခွင့်ပြုခုတင်၏ အသုံးချမှု ရာခိုင်နှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၁၀၈ % ရှိသော်လည်း ဆေးရုံအဆင့်တိုးမြှင့်ရန် သတ်မှတ်ချက်ဖြစ်သော ၁၅၀% ပြည့်မီမှုမရှိသေးကြောင်း၊ ဝန်ထမ်းခန့်ထားမှုအနေဖြင့် ၆၀% ရှိသဖြင့် ပင်လောင်းမြို့နယ်ဆေးရုံအား ၂၅ ခုတင်ဆံ့မှ ခုတင်၅၀ ဆံ့သို့ တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုးကား - ပြည်သူ့လွှတ်တော်

Powered by Blogger.