Tuesday, December 27, 2016

EU သံအမတ်ကြီး Mr.Roland Kobia နှင့်ဇနီးတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ တာဝန်ရှိလူကြီးများနှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် EU သံအမတ်ကြီး Mr.Roland Kobia နှင့်ဇနီးသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ တာဝန်ရှိလူကြီးများအား ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ၂၇က်နေ့ နံနက် (၉း၀၀)နာရီ အချိန်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးသိလိုသည့် ပအိုဝ်းအမျိုးသားများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပါတီ ဖွဲ့စည်းပုံမူဝါဒများ နိုင်ငံရေးဦးတည်ချက်များကို ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှရှင်းလင်း တင်ပြပေးခဲ့ပါသည်။ ပအိုဝ်းတိုင်းရင်းသား လူမျိုးများ၏ ပညာရေး စီးပွားရေး ကျန်းမာရေး အခြေအနေများကို မေးမြန်းရာမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုဥက္ကဌ ဖြားတန်ခွန်စံလွင်မှ အကျယ်တ၀င့် ရှင်းလင်းပေးခဲ့ပြီးနောက် EU သံအမတ်ကြီးအား ပအိုဝ်းရိုးယာ လက်ဆောင်ပစ္စည်းများကို ပါတီလူကြီးမင်းများမှ ပေးအပ်ပေးခဲ့ပါသည်။
ဆက်လက်၍ EU သံအမတ်သည် ရုံးတွင်းဆွေနွေးလျက်ရှိသော PEACE EDUCATION TRAINING ဆွေးနွေးပွဲကို အားပေးစကားပြောကြားပေးခဲ့ပါသည်။
ထိုတွေ့ဆုံပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုနာယကများ၊ ဥက္ကဌနှင့် အတွင်းရေးမှူးများ ရုံးအဖွဲ့မှူးနှင့် ရုံးတွင်တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.