Tuesday, December 27, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး လွှတ်တော်ရေးရာဌာန မှ လမ်းအချက်အလက်များကို ကွင်းဆင်းရယူ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး လွှတ်တော်ရေးရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များသည် အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့နယ်(ခွဲ)နှင့် ညောင်ရွှေမြို့နယ် ဆက်သွယ်ထားသည့် နောင်ကား- လွယ်ခေါ်-ညောင်ရွှေ ကျေးရွာချင်းဆက် အဓိကလမ်းမကြီးဖြစ်သည့် ကျောက်ချောလမ်းနှင့်မြေသားလမ်းအား နိုင်ငံတော်အစိုးရမှ အဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် ၂၀၁၆၊ ဒီဇင်ဘာ(၂၇)ရက်နေ့ တွင် ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည့်အချက်အလက်များကောက်ယူခဲ့ပါသည်။
တစ်ဆက်တည်း ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု၊ သလဲဦးကျေးရွာတွင်းရှိ အင်းကန်ပတ်လမ်းမကြီးမှ သပြေကုန်း-အင်းနီ-လွယ်ခေါ် ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် မြေသားလမ်းကိုလည်း လိုအပ်သည့် အချက်အလက်များ ကောက်ယူခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး လွှတ်တော်ရေးရာဌာနသည်  ဒေသခံပြည်သူများ၏ လိုအပ်ချက်များ အခက်အခဲများကို လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြနိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များ ကွင်းဆင်းကောက်ယူလေ့ရှိပါသည်။
ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ၏ ကြုံတွေ့နေရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို အချက်အလက်များနှင့်တကွ လွှတ်တော်ရေးရာဌာနသို့ ပေးပို့ခြင်း၊ ဆွေးနွေးမေးမြန်းခြင်းများကို ရုံးချိန်အတွင်း လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါသည်။ ဒေသခံပြည်သူများ၏ အစီအစဉ်ဖြင့် ဖိတ်ကြားပါကလည်း ကွင်းဆင်းကူညီပေးလျက်ရှိပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လွှတ်တော်ရေးရာဌာန

Powered by Blogger.