Tuesday, December 27, 2016

EU သံအမတ် Mr.Roland Kobia နှင့်ဇနီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးခန်းမတွင် EU သံအမတ် Mr.Roland Kobia နှင့်ဇနီး ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် EU သံအမတ် Mr.Roland Kobiaသည် မိမိသိရှိလိုသည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၏ မဟာဗျူဟာများ နည်းဗျူဟာများနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသလုံခြုံရေး အခြေအနေများကို မေးမြန်းခဲ့ပြီး ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက မိမိတို့အဖွဲ့ဆောင်ရွက်ပြီးခဲ့သည့် အကြောင်းအရာများ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းအောင်မြင်မှုအခြေအနေများ အခက်အခဲများကို ရှင်းလင်းတင်ပြပေးခဲ့ပါသည်း။
ထို့နောက် EU သံအမတ် Mr.Roland Kobia နှင့်ဇနီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများ နေထိုင်ရာဒေသကို ကွင်းဆင်းလေ့လာကြည့်ရှုပြီး EU အထောက်အပံ့ဖြင့် UNODC အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီးနောက် နောင်တောင်းဘုန်တော်ကြီးသင် ပညာကျောင်းသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ



Powered by Blogger.