Friday, December 2, 2016

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဌဖလား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အလှူရှင်များရန်ပုံငွေမတည်လှူဒါန်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်


နောင်ကားဘောလုံးပွဲကို ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် PNFF ကဦးဆောင်ကျင်းပပြီး PNFF ဥက္ကဌဖလားကျင်းပရခြင်းသည် ပအိုဝ်းလူမျိုးများ အားကစားမှာစိတ်ပါဝင်စားလာရန်၊ အရက်သေစာ၊ မူးယစ်ဆေးဝါး စသည့်မကောင်းသော အမူအကျင့်များကို ရှောင်ရှားစေရန်၊ ဒေသပေါင်းစုံ ပအိုဝ်းလူမျိုးအချင်းချင်း အခြားညီနောင်တိုင်းရင်းသားများသည်လည်း ချစ်ကြည်ရင်းနှီးရန်၊ ပအိုဝ်းလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ပြည်နယ်ကိုယ်စားပြုကစားသမား၊ နိုင်ငံကိုယ်စားပြုကစားသမားပေါ်ထွန်းရန်၊ ပအိုဝ်းတစ်မျိုးသားလုံး စည်းလုံးညီညွှတ်မှုအားကောင်းလာစေရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး ပင်ပန်းနေပြီး တောင်သူလယ်သမားများကို စိတ်အပန်းပြေစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခဲ့ကြောင်း သိရှိရပါသည်။

နောင်ကားဘောလုံးပွဲကျင်းပသည့်သက်တမ်း (၁၅) နှစ်တိုင်တိုင်များကို စေတနာရှင်၊ အလှူရှင်များနှင့် ကျင်းပပေးခဲ့ပြီး ပွဲတော်ကုန်ကျစရိတ်နှင့်ပတ်သက်၍ ငွေကောက်ခံခြင်းမရှိခဲ့ကြောင်း၊ ကျေးရွာတွင် ကောက်ခံသော ငွေများသည်  မိမိတို့၏ အွိုင်;အရန်းဘောလုံး အသင်းသမားများနှင့် မြို့နယ်အဆင့် ဘောလုံးသမားများ၏ ၀တ်စုံများ၊ စားသောက်စားစရိတ်များ စသည့် ဘောလုံးသမားများ၏ အသုံးစရိတ်များအတွက်သာ ဖြစ်ကြောင်း၊ ယခုနှစ်၂၀၁၆-၂၀၁၇ ခုနှစ်သည်လည်း ဦးအောင်မိုးကျော်နှင့် ဦးတင်ဦး (IBTC) ကုမ္ပဏီအဖွဲ့မှ ၅၀၀၀၀၀၀/ (ကျပ်သိန်းငါးဆယ်)၊ ကိုအောင်လင်း My Garden ကုမ္ပဏီအဖွဲ့မှ ၂၀၀၀၀၀၀/ ( ကျပ်သိန်းနှစ်ဆယ်) ၊ ကိုသော်တာ လျှံထူးအောင် ကုမ္ပဏီအဖွဲ့မှ ၁၀၀၀၀၀၀/ (ကျပ်ဆယ်သိန်း)နှင့် အခြားသော အလှူရှင်များလည်းရန်ပုံငွေမတည် လှူဒါန်းထားပါကြောင်း သိရှိရပါသည်။

နင်;ဆားတဲုင်
Powered by Blogger.