Tuesday, January 31, 2017

မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်





၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ပေါင်လင်းအထက်တန်း ကျောင်း(ခွဲ) ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့၊ ဟိုပုံးမြို့မရဲစခန်းမှ ဦးစီးသော မှုခင်းကျဆင်းရေးနှင့်သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ဟိုပုံးမြို့နယ် ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်နန်းဦးခမ်းမှအဖွင့်အမှာစကားပြောကြားပြီး၊ ဟိုပုံးမြို့နယ် ဥပဒေအရာရှိ ဒေါ်ထက်ထက်စံမှ ဥပဒေဆိုင်ရာများဟောပြောပေးခဲ့ကာ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်း ဒု-ရဲမှူး ဇော်မင်းမှ သက်ငယ်မုဒိမ်းဖြစ်ရခြင်းအကြောင်းကိုအကျယ်တ၀င့် ရှင်းလင်းခဲ့ရာမှာ (သက်ငယ်မုဒိမ်းဖြစ်ရခြင်း၏အကြောင်းရင်းမှာ မိဘရဲ့အုပ်ထိန်းမှုနှင့်လည်းဆိုင်တယ်၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့လည်းဆိုင်တယ်၊ အခုခေတ်က ဖုန်းခေတ်ဆိုတော့ လူငယ်လူရွယ်ခပ်များများဟာ ဖုန်းကိုတွယ်မက်တာ မမြင်သင့်မရှုသင့်တာတွေကိုလည်း မြင်နေရတာပါတယ် မိဘရဲ့အလိုက်မှုတွေနဲ့လည်းဆိုင်တယ်)လို့ပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ မိဘပြည်သူများအနေဖြင့် နောက်နောင်တွင်မှုခင်းနှင့် သက်ငယ်မုဒိမ်းကျဆင်းစေဖို့ရန်အတွက် တစ်ဘက်တစ်လှမ်းကနေပြီး အတူလက်တွဲကူညီမှသာ ကျဆင်းလာမည်ဖြစ်သည်။ ဟောပြောပွဲသို့ လာရောက်နားထောင်သော ကျောင်းသား/သူပေါင်း ၄၀၈ ဦး၊ ဆရာ/မ ၂၂ ဦးဖြစ်ကြောင်းသိရှိရပါသည်။

နဂါ,သ,ရာ;
Powered by Blogger.