Wednesday, February 1, 2017

မြို့နယ်စည်ပင်သာယာရေးကော်မတီ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်






၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်၊ နံနက် (၁၀း၀၀) နာရီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန၊ အစည်းအဝေးခန်းမတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးရေးမှူး ဦးမိုးထက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ဝင်၊ ဟိုပုံးမြို့၊ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.O) ဥက္ကဋ္ဌ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်မောင်ဖြူ နှင့်  မြို့နယ်စည်ပင်သာယာရေးကော်မတီများ ၊ ဌာနဆိုင်ရာများ တတ်ရောက်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးရေးမှူး ဦးမိုးထက်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ တစ်ဦးမှ ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ် အတွက် ဟိုပုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ အခွင့်ရေးလိုင်စင်အားလုံးနှင့် သက်ဆိုင်သော အရပ်ရပ် စည်းကမ်းချက်များ၊ သက်တမ်းတိုးလျောက်ထားသူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ လေလံဆွဲဝယ်သူများ လိုက်နာရမည့်စည်းကမ်းများ၊ ပျံကျဈေးကောက် လိုင်စင်စည်းကမ်းများကို ရှင်းလင်းတင်ခဲ့ပါသည်။

ထိုနောက် အရပ်ရပ်အခွင့်အရေးလိုင်းစင် (၇) ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကို စတင်ခဲ့ပါသည်။ ထို့နောက် ဦးသန်းဇော်လတ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ဟိုပုံးမြို့မ ပျံကျဈေးကောက်လိုင်စင်ကို (7600000)ကျပ်ဖြင့် သော်လည်းကောင်း၊ နမ်းခုတ်ပျံကျ ဈေးကောက်လိုင်စင်ကို (3300000)ကျပ်ဖြင့်လည်းကောင်း၊ ဦးခွန်မင်းလွင်က ဟိုပုံးမြို့ကျွဲ၊ နွား ဈေးကောက်လိုင်စင်ကို(6150000)ကျပ်ဖြင့် သော်လည်ကောင်း၊ နမ်းခုတ်ဈေး ကျွဲး၊ နွားဈေးကောက်လိုင်စင်ကို (900000)ကျပ်ဖြင့် သော်လည်ကောင်း၊  ဒေါ်နန်းသန်းသန်းဦးက ဟိုပုံးမြို့ စက်ဘီးဆိုင်ကယ်အပ်လိုင်စင်ကို (260000)ကျပ်ဖြင့် သော်လည်းကောင်း၊ ဦးပေါစံက အပေါင်ဆိုင်လိုင်စင်ကို (350000)ကျပ်ဖြင့် သော်လည်းကောင်း၊ ဦးအောင်သူက မြို့မဈေးအိမ်သာလိုင်စင်ကို (550000)ကျပ်ဖြင့် သော်လည်းကောင်း၊ နေမင်းရောင်မှ ဦးသန်းဝင်းက မြို့ဝင်ဘီးခွန်ကောက်လိုင်စင်ကို (16000000) ကျပ်ဖြင့် သော်လည်းကောင်း  အသီးသီးရရှိခဲ့ကြောင်း သိရှိရပါသည်။

နန်းသဲင်ခမ်း
Powered by Blogger.