Wednesday, February 1, 2017

ဟိုပုံးလေး ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဖလား မြင်းစီးပြိုင်ပွဲတွင် ပြိုင်ပွဲတစ်ခုအနေဖြင့် စီစဉ်ထားသော ဘောလုံးပြိုင်ပွဲကို ၂၀၁၇၊ ဖေဖေါ်ဝါရီ(၁)ရက်နေ့၊ ဟိုပုံးမြို့၊ အထက(၁) အားကစားကွင်းတွင် စတင်ကျင်းပခဲ့ပါသည်။
ဘောလုံးအသင်းပေါင်း (၃၆)သင်း ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ဖွင့်ပွဲအဖြစ် ကံတက်(နဂါ့ဖြိန်း)အသင်းနှင့် ကျောင်းလွယ်ရွာ အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ကံတက်(နဂါ့ဖြိန်း)အသင်းက ကျောင်းလွယ်ရွာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကို ဟိုပုံးလေးမြင်းစီးကွင်းအနီးတွင် ကျင်းပသွားမည်ဟုသိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌဖလား မြင်းစီးပြိုင်ပွဲကို ဖေဖေါ်ဝါရီ(၉)ရက်မှ (၁၂)ရက်ထိ ကျင်းပ  သွားမည်ဖြစ်ပြီး အခြားပြိုင်ပွဲများဖြစ်သည့် ဘော်လီဘောပြိုင်ပွဲ၊ ခေါဝ်းပုတ်ထောင်းပြိုင်ပွဲ၊ စပါးထောင်းပြိုင်ပွဲ၊ ထောပတ်သီးပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ပြီး ညပိုင်းတွင် သထွုံးပေးဇာတ်သဘင်အဖွဲ့မှ အကပဒေသာများဖြင့် ဖျော်ဖြေပေးသွားမည်ဟုလည်း သိရသည်။

စနေအောင်

Powered by Blogger.