Monday, January 23, 2017

ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ရေးနှင့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ဆောင်မည့် ကျေးရွာများတွင်ပြဌာန်းမည့် စည်းမျဉ်းစည်းကမ်းများ တင်ပြဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်



ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနှမှ ဦးဆောင်ကျင်းပသော ဓနုဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၏ လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ဆောင်လျှက်ရှိသော ကျေးရွာများတွင် ကောက်ယူရရှိ သောလိုက်နာရန် စည်းကမ်းချက်များအား တင်ပြဆွေးနွေးခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ တောင်ကြီး ဟိုတယ်ခန်းမ ၂၀၁၇-ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် အဖွင့်အမှာစကားကို ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှူးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်မှလည်းကောင်း၊ Senior Technical Expert ၊ GIZ ဦးသက်ဝင်းထွန်းမှလည်းကောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဓနုဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးဝဏ္ဏသိန်းမှ စည်းမျဉ်းစည်းကမ်းများအား တင်ပြဆွေးနွေးပြီးနောက် တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ထိုဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဦးစီးမှူးများ၊ ပြည်နယ်ညွန်ကြားရေးမှူးများ၊ ဓနုကိုယ်ပိုင်အုပ်ခွင့်ရဒေသမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်လုပ်ငန်းရှင်အသင်းများ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းများ၊ ပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်း(၇၀) ကျော် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်ပန်းစိန်
Powered by Blogger.