Sunday, January 29, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နောင်ဝိုး၊ လုံးပျဉ်တွင် ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၈) ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရောက်ရှိနေသော ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည်  ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်၊ စနေနေ့၌ လုံးပျဉ်ကျေးရွာအုပ်စု နောင်ဝိုးဘုန်းတော်ကြီးကျောင်းနှင့် လုံးပျဉ်ဘုန်းတော်ကြီးကျောင်းတွင်  ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့သည် နံနက်ပိုင်း(၉း၀၀)နာရီတွင် လုံးပျဉ်ကျေးရွာအုပ်စု နောင်ဝိုးဘုန်းတော် ကြီးကျောင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာပထမ ကြွရောက်လာကြသော လူကြီးမင်းများနှင့် ဒေသခံမိဘပြည်သူများက နောင်ဝိုးဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒများ နာယူခဲ့ကြပါသည်။ ထို့နောက် ဒေသခံမှ အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ဒေသဦးစီး ဖြားခွန်စံလွင်၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှဆန်းတို့က အသီးသီး  အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံမိဘပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းကာ ဒေသဦးစီးဥက္ကဌဖြားခွန်စံလွင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း အဆိုပါ အခမ်းအနားကို နေ့လယ် (၁၂း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့သည် နေ့လယ်(၂း၀၀)အချိန်တွင် ပင်လောင်းမြို့နယ်၊ လုံးပျဉ် ကျေးရွာအုပ်စု၊ လုံးပျဉ်ဘုန်းတော်ကြီးကျောင်း၌ ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒေသဦးစီးဥက္ကဌက ဖွံ့ဖြိုးရေးလုပ်ငန်းနှင့်လူနေမှုဘ၀မြှင့်တင်ရန်အတွက် ဖွံ့ဖြိုးရေးအခြေခံဖြစ်သော လမ်း၊ တံတား၊ ရေ၊ မီး၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး၊ ဆေးပေးခန်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးသင်တန်းကျောင်းများ၊ အရင်းအနှီးများ၊ ကုန်ဈေးနှုန်း ဈေးကွက် ရရှိအောင် ဆောင်ရွက်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးနေ ပါကြောင်း၊ ဒေသခံများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် နယ်စပ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာ အဖွဲ့အစည်း(NGO)နှင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ပညာရေးကို အနှောက်အယှက် ပေးစေသော မူးယစ်ဆေးဝါးများ ပပျောက်ရန်အတွက် လူထုအားနှင့် ပူးပေါင်းဆောင်ရွက်  မှသာလျှင် အောင်မြင်မှုရှိမည်ဖြစ်ကြောင်း၊ ခေတ်နှင့်လျှော်ညီစွာ ဘွဲ့ရပညာတတ်အသိပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်းနှင့် အစိုးရ၀န်ထမ်းများအဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင်စေလိုကြောင်း စသဖြင့် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ နောင်ဝိုးနှင့် လုံးပျဉ်တွေ့ဆုံပွဲတွင်  ဒေသခံမိဘပြည်သူ စုစုပေါင်း(၈၀၀)ကျော် တက်ရောက်ခဲ့ကြောင်း၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် (၂၇-၁-၂၀၁၇)တွင် စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက် ဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ခွန်ဘုန်းတော်ကြီး ကျောင်းနှင့် လုံးနဂါးပတ်ဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.