Tuesday, January 10, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပဲပုပ်အထူးစိုက်ပျိုးထုတ်လုပ်ရေးနှင့် အဟာရမြှင့်တင်ရေး မျိုးစေ့လွှဲအပ်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်






၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်၊ အင်္ဂါနေ့၊ နေ့လည် (၁း၀၀) နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာတွင် AVSI အဖွဲ့နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်သော  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ပဲပုပ်အထူးထုတ်လုပ်ရေးနှင့် အဟာရမြှင့်တင်ရေး မျိုးစေ့လွှဲအပ်ပွဲအခမ်းအနားကျင်းပကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဌ  ဦးခွန်အောင်ခင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ AVSI ရုံးချုပ်မှ National Country Director ဒေါ်ဆွေဆွေအေးနှင့် အလှူရှင် Mr Pierpaola Brain မှလည်းကောင်း အမှာစကား ပြောကြားခဲ့ပြီး Ms.Valentina မှ AVSI နောက်ခံသမိုင်းကြောင်းများ ပြောကြားကြောင်း၊  “ယခုလို ပဲပုပ်အထူးထုတ်လုပ်သည့်နေရာမှာ နိုင်ငံခြားအဆင့် တင်ပို့နိုင်ရန်အတွက် တောင်သူများကို လယ်သမားသင်တန်းကျောင်းဖွင့်ပြီး နည်းပညာများပေးရန် ရည်ရွယ်၍ မျိုးသန့်ပွားများထုတ်လုပ်သည့်အဆင့်မှ နိုင်ငံခြားသို့တင်ပို့သည့်အဆင့်ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒီကနေမှ မျိုးသန့်များပွားများပြီး နိုင်ငံခြားအဆင့်မှီ ပဲပုပ်ထုတ်နိုင်ရန်အတွက် ဒီကနေ့ မျိုးသန့်ထုတ်လုပ်သည့် တောင်သူများ၊ နည်းပညာများကို ဆင့်ပွားပြီး နောက်ကျေးရွာအတွက် အဆင့်ဆင့်လုပ်ဆောင်နိုင်ရန်ရည်ရွယ်ပြီး ဘိန်းအစားထိုးသီးနှံအစား ပဲပုပ်များကို အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ကြောင်း” Regional Coordinator ဦးအောင်နိုင်ဝင်းမှ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပဲပုပ်စိုက်ပျိုးခြင်းနှင့် အဟာရမြှင့်တင်ခြင်းဆိုင်ရာစီမံကိန်းမှ စီမံကိန်းဝင် တောင်သူ (၂၅) ဦးအား ရေဆင်းပဲပုပ်မျိုးစေ့နှင့် အာမိုမြေသြဇာကို တစ်ဦးလျှင် ရေဆင်းပဲပုပ် (၁) ပုံးနှင့် အာမိုမြေသြဇာ(၁) အိတ်စီပေးအပ်ခဲ့ကြောင်း၊ ထိုအခမ်းအနားသို့ (၃၀) ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိပါသည်။

ခမ်းချယ်ရီ

Powered by Blogger.