Tuesday, January 24, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်များကို ဂျာမနီနိုင်ငံခြားသားက လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်


ပအိုဝ်းနေထိုင်ရာဒေသတွင် လူငယ်အလုပ်အကိုင် စစ်တမ်းကောက်ယူမှုကိစ္စနှင့် ပတ်သက်၍ ဂျာမနီ နိုင်ငံခြားသား Benjamin က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်များကို ဒီကနေ့ ၂၀၁၇ - ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်၊ အင်္ဂါနေ့တွင် လာရောက်တွေ့ဆုံကြောင်း သိရှိရသည်။

ထို့သို့ တွေ့ဆုံရာတွင် ဂျာမနီနိုင်ငံခြားသား Benjamin မှ သိရှိလိုသော ပအိုဝ်းဒေသရှိ လူငယ်အလုပ်အကိုင် အခြေအနေများ၊ စီးပွားရေးအခြေအနေများနှင့် ပညာရေးအခြေအနေများကို တာဝန်ရှိပုဂ္ဂိုလ်များက ရှင်းလင်းဖြေကြားပေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ ပါရမီအရပ်ဖက်လူမှုအဖွဲ့အစည်း ဥက္ကဌ ဖြားခွန်အောင်ခင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြည်သူ့ဆက်ဆံရေး ဌာနမှ ဌာနမှူး ခွန်စောလွင်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)မှ ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်တို့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

PNO မီဒီယာ
Powered by Blogger.