Thursday, February 16, 2017

ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်








ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၆)မှ (၂၀)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ဒေသဦးစီးခန်းမ၌ ပထမနေ့ဖွင့်ပွဲအဖြစ် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပြီး ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီနှင့် ပအိုဝ်းတစ်မျိုးသား လုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဖြားခွန်မြင့်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ရှမ်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ သီရိပျံချီ စ၀်အောင်မြတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဖြားခွန်စံလွင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဌ ဦးသိန်းဇော်၊ UPDJC အတွင်းရေးမှူးအဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင် မှ ဦးခင်ဇော်ဦး၊ ရှမ်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က တက်ရောက်အမှာ စကားပြောကြားပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသရှိ လူထုကိုယ်စားလှယ်များ (၇၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲ ပထမရက်တွင် မြို့နယ်ဒေသအသီးသီးမှ တင်သွားသော ပအိုဝ်းလူမျိုးနှင့် ပတ်သက်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စာတမ်းများကို ဖတ်ကြားခဲ့ကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.