Thursday, February 2, 2017

“ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်နိုင်မှုနှင့် ၎င်းတို့၏ ဦးစားပေးအစီအစဉ်များ ပါဝင်နိုင်ရေး ဆွေးနွေးပွဲ” ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်


Danish Institute for Parties and Democracy- DIPD နှင့် United Nations Entity for Gender Equality and the Empowerment of Women – UN Women တို့ပူးပေါင်း၍ “ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်နိုင်မှုနှင့် ၎င်းတို့၏ ဦးစားပေးအစီအစဉ်များ ပါဝင်နိုင်ရေး ဆွေးနွေးပွဲ” ကို ၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ ရန်ကုန်မြို့၊ အမှတ်(၁၇) ကမ္ဘာအေးဘုရားလမ်း၊ Micasa Hotel တွင် ကျင်းပပြုလုပ်ပြီး  Ms.Jean D’ Cunha နှင့် ဆရာမဒေါ်ခင်မမမျိုး တို့က ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးနွေးပွဲကို တက်ရောက်ဆွေးနွေးသူ စုစုပေါင်း(၂၂)ဦးရှိပြီး ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီ၊ မွန်ဒေသလုံးဆိုင်ရာပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တအာင်း ပလောင်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီ စသည့်ပါတီ အသီးသီးမှ ပါတီခေါင်းဆောင်များတက်ရောက်ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

ပအိုဝ်;မူ;ပေ;(စန္တာ;ခမ်း) 
Powered by Blogger.