Thursday, February 9, 2017

ရွှေသံလွင်မီဒီယာ (Sky Net) အဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယက ဖြားတန်ခွန်မောင်တုတ်နှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်


၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်   တောင်ကြီမြို့ ဈေးပိုင်းရပ်ကွက် အနောက်မြို့ပတ်လမ်းရှိ ပအိုဝ်းပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ရွှေသံလွင်မီဒီယာ (Sky Net) တောင်ကြီးအဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ နာယက ဖြားတန်ခွန်မောင်တုတ်နှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့်ပတ်သက်ပြီး တိုင်းရင်းသားများတို့၏ စကားသံတွေကို ထုတ်လွင့်ပြသနိုင်ရန်အတွက် “ပြည်ထောင်စုနေ့ အတွက် တိုင်းသားတို့ရဲ့စကားသံ” အစီအစဉ် ဖြင့် တောင်ကြီးမြို့ပေါ်တွင် လက်လှမ်းမီသလောက် တိုင်းရင်းသားများရဲ့ ရင်ဖွင့်သံများကို မေးမြန်းရယူပြီး နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ထုတ်လွင့်ပြသပေးသွားမည်ဖြစ်ကြောင်း ကိုဝန်းရံ (Presenter Taunggyi Bureau) ကပြောကြားခဲ့သည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.