Friday, March 10, 2017

မွေတော်ကက္ကူဘုရားစေတီတော် ထီတော်တင်ပွဲ စတင်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၀) ရက်






လေပြင်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သော မွေတော်ကက္ကူဘုရားစေတီတော်များကို ပြန်လည်ပြုပြင်လျက်ရှိရာ ဒီကနေ့ ၂၀၁၇ခုနှစ်၊ မတ်လ(၁၀)ရက်နေ့တွင် ပြုပြင်မွမ်းမံပြီးစီးပြီးဖြစ်သော ဘုရားစေတီတော်များကို ပြန်လည်ထီတော်တင်ပူဇော်လျက်ရှိပါသည်။
ဒီကနေ့တွင် ကက္ကူဘုရားစေတီတော်များအနက် ရှေ့ဟောင်းသမိုင်းဝင် ဆုတောင်းပြည့် အာသောက စေတီတော်မြတ်ကြီးကို ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခဲ့ပါသည်။ အဆိုပါ ထီးတော်တင်ပွဲကို တပေါင်းလပြည့်နေ့အထိ (၃)တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လပြည့်နေ့တွင် နိုင်ငံတော် အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ လာရောက်ဖူးမျှော်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ဗီး

Powered by Blogger.