Friday, March 10, 2017

(၆၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား စတင် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၀) ရက်







ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ၂၀၁၇ခုနှစ်၊ မတ်လ (၈)ရက်နေ့ညတွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌဖြားခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားနေ့ပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌ ဖြားခွန်ဝင်းကိုနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ လူကြီးမင်းများနှင့် ရပ်မိရပ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တက်ရောက်လာသော ဧည့်သည်တော်များက နေရာယူကြပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပွဲဖြစ်မြောက်ရေးဥက္ကဌ ဖြားခွန်ဝင်းကိုက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များကို အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ပါသည်။
ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဘောလုံးပြိုင်ပွဲများ၊ အကပဒေသာပြိုင်ပွဲများ၊ ပြခန်းများ၊ ပညာရေးဆုပေးပွဲများပါကျင်းပပေးကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.