Friday, March 10, 2017

ပအိုဝ်းအမျိုးသားပိုင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၀) ရက်












တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် ဆောက်လုပ် လှူဒါန်းပြီးစီးပြီးဖြစ်သော ကျောင်းဆောင်သစ်ကို ပအိုဝ်းအမျိုးသားပိုင် ဘက်စုံအသုံးပြုနိုင်ရန် ရည်ရွယ်  ၂၀၁၇ ခုနှစ်၊ မတ်လ (၉) ရက်၊ ကြာသပတေးနေ့၊ နံနက် (၉း၃၀)အချိန်၌ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနာပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်းခမ်းထီ အားအမှူးထား၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့မှ (၁၂၀x ၃၀) ပေ (၁) ထပ်အဆောက်အဦးကို လှူဒါန်းပြီး သီိရိသုဓမ္မမဏိဇောတဓရ ဦးခွန်နေ၀င်းထွန်း (ဥက္ကဌ ပတ္တမြားနဂါးကုမ္ပဏီလိမိတက် ) + ဒေါ်နန်းအေးအေးမြင့် တို့မိသားစုမှ (၁၀၀x ၃၀) ပေ (၂) ထပ်အဆောက်အဦးကို လှူဒါန်းပြီး အထက်ပါ (၁) ထပ်အဆောက်အဦးနှင့် (၂) ထပ်အဆောက်အဦးကို ပအိုဝ်းအမျိုးသားများထံသို့ ဘက်စုံအသုံးပြုရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ယခုလက်ရှိတွင် အဆိုပါကျောင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတတ်သင်ဒီပလိုမာ သင်တန်းကျောင်းမှ ပထမနှစ်ကျောင်းသား/သူ (၁၀၀) ကျော်ရှိပြီး၊ ဒုတိယနှစ်ကျောင်းသား/သူများသည်လည်း (၁၀၀) ကျော်ရှိကြောင်း၊ အဆိုပါ ကျောင်းသား/သူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောင်းသား/သူများသာမက ကယားပြည်နယ်နှင့် အခြားသောမြို့နယ်များသည်လည်း ပါရှိကြောင်း၊ အစိုးရဌာနများသည် ပညာရေး ကောလိပ်ကျောင်းဆရာ/မ များ ကူည်ီပံ့ပိုးပေးပြီး ကျောင်းသား(၁) ဦးလျှင် ငွေကျပ် (၃၀၀၀၀) တစ်လစီထောက်ပံ့ပေးခဲ့ကြောင်း၊ ကျောင်းသား/သူများ ဒီပလိုမာအတတ်သင်ပညာ (၂) နှစ်သင်တန်းတက်ရောက်ပြီးစီးသည့်အခါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တာဝန်ကျရာကျောင်းကို အစိုးရ၀န်ထမ်းအဖြစ် သွားရောက်သင်ကြားပေးရမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး (၁) ဦးခွန်နေ၀င်းထွန်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဥက္ကဌ ဖြားခွန်ဝင်းကိုတို့က အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဖြားခွန်သိန်းဖေ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်း အသီးသီးများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း တက်ရောက်သည့်ဦးရေ (၂၀၀) ကျော်ရှိကြောင်း သိရှိရပါသည်။

နန်းဆားတဲုင်

Powered by Blogger.