Wednesday, March 15, 2017

ပအိုဝ်းအမျိုးသားနေ့ပွဲတော်ရံပုံငွေအတွက် ကံစမ်းမဲဖေါက်ရာတွင် မွိုးနင်;အွဉ်းက Hijet ကား ကံထူးရရှိခဲ့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၅) ရက်









ပအိုဝ်းအမျိုးသားနေ့ပွဲတော်အတွက် ရံပုံငွေရရှိရန်ရည်ရွယ်ပြီး ကံစမ်းမဲများကိုပါ ထားရှိလျက်ရှိပြီး ဒီကနှစ်၂၀၁၇ခုနှစ်၌ ပြုလုပ်သွားသော ပအိုဝ်းအမျိုးသားနေ့ပွဲတော်တွင် ကံစမ်းမဲပေါက်ဆုကို Hijet ကား တစ်စီးနှင့် Lojia ဆိုင်ကယ် (၅)စီးဖြင့် ထားရှိခဲ့ပါသည်။ 

ဒီကနှစ် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ရံပုံငွေအတွက် ကံစမ်းမဲဖေါက်ရာတွင် တောင်ကြီးမြို့နယ်၊  နောင်လေကျေးရွာအုပ်စု၊ တနွိုခါင်းကျေးရွာမှ မွိုးနင်;အွဉ်းက B-8605 ဖြင့် Hijet ကား ကံထူးရရှိခဲ့ပြီး၊ Lojia ဆိုင်ကယ်ဆုကို ဆီဆိုင်မြို့နယ်၊ နောင်စံကျေးရွာမှ  ခွန်မောင်ကြီးက A-5732 ဖြင့် သော်လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ နောင်လံကျေးရွာမှ ခွန်မောင်ထီက B-8543ဖြင့် သော်လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စု၊ ပင်ငိုကျေးရွာမှ ခွန်သန်းမောင်က C-1855ဖြင့် သော်လည်းကောင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ဂနွိုင်ရေးမှ နင်;ဗိက C-2713ဖြင့် သော်လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ဖါမွန်းကျေးရွာအုပ်စု၊ ထီဗွာကျေးရွရာမှ နင်;ခံအွူ; B - 1702 ဖြင့် သော်လည်းကောင်း အသီးသီး ကံထူးရရှိခဲ့ပါသည်။ 

Hijet ကားဆု ရရှိသွာသော မွိုးနင်;အွဉ်းက “ ဒီလို မဲပေါက်တာ ရှေ့ဘ၀ကုသိုလ်ကံနဲ့ဘဲ ဆိုင်ပါတယ်၊ ရရှိလာတဲ့ ဒီကားကို ကျောင်းကန်တို့၊ ပွဲသွားတာတို့မှာ အသုံးပြုသွားမယ်၊ ပအိုဝ်းအမျိုးသားနေ့လည်း ပိုမိုအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု မောင်းမွူးခံကို ပြောသွားပါသည်။ 

နဂါ့ခွန်

Powered by Blogger.